၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြသဖို့ရှိနေတဲ့ Fight Delta Fight ရုပ်ရှင်ကို ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံ ၅နိုင်ငံမှာ ပြသခဲ့ပြီး သိန်း ၄၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ ရရှိငွေအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန (ဧရာဝတီ) တာဝန်ခံ ရဲဘော်ကောင်းကျော်ထံ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ မင်းလက်ရာ ရိုက်ကူးထားပြီး မျက်နှာသစ် တော်လှန်လူငယ် အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကို ဧရာဝတီတိုင်းက တော်လှန်ရဲဘော်တွေကို ကူညီထောက်ပံ့ဖို့ ရည်ရွယ်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်လူငယ်တွေအကြောင်း ဖြစ်ရပ်မှန်အကြောင်းအရာတွေနဲ့ ဆက်စပ်ရိုက်ကူးထားတဲ့ Fight Delta Fight ရုပ်ရှင်ဇာတ်ကားကို ၂၀၂၄ ခုနှစ်အတွင်း ကနေဒါ၊ ဂျမေကာ၊ ဩစတြေးလျ၊ စင်ကာပူနဲ့ ယူကေ တို့မှာ ပြသခဲ့တာ ဖြစ်ပါတယ်။

“အဆိုပါ ရုပ်ရှင်ကားအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်ပအသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ ​တော်လှန်ရေးအင်အားစုတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး ၂၀၂၅အတွက် ကျန်ရှိသေးတဲ့နိုင်ငံတွေမှာ ပြသလို့ရရှိမယ့် အလှူငွေတွေကိုလည်း ဧရာဝတီတိုင်းစစ်ရေးအတွက် ဆက်လက်လှုဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ Fight Delta Fight ရုပ်ရှင် ထုတ်လုပ်သူ ဦးချစ်က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို ဒုက္ခပေးနေသည့် မြစ်ကျိုးနယ်ထိန်းရဲအား ရဲစခန်းအနီးမှာပဲ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်မှာ ပြည်သူတွေကို ရိုက်နှက်ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
Read More

ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု၊ မျိုးဆက်ပေါင်းများစွာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေဟု NUG ပြော

ဒီနေ့မှာ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ဝက်လက် အရှေ့မြောက်ဘက်ရှိ ထုံးဘိုရွာကို စစ်တပ်မီးဝင်ရှို့၊ မြို့နယ်တစ်ခုလုံး စစ်ကြောင်းတွေလှုပ်နေလို့ အရပ်သားများ ထိတ်လန့်နေကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဖျာပုံထောင်တွင် ထောင်အာဏာပိုင်များက အကျဥ်းသားများကို အခန်းလူကြီးကြေး (စောင့်ရှောက်ကြေး) ဆိုပြီး ခြိမ်းခြောက် ငွေညှစ်နေ 

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေပြီး လာဘ်စားမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီ အသက်သွေးကြောတစ်ခုဖြစ်သည့် ကပစစက်ရုံများ၏ တာဝန်ရှိသူများ စာရင်းကို တမာအင်စတီကျု ထုတ်ပြန် 

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

(၇၆) နှစ် မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA day) ဂုဏ်ပြုပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားခရိုင်) တပ်မဟာ (၄) ဌာနချုပ်ဟောင်း‌ မယ်သမီခီး(ထီးခီး) မှာ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဇူလိုင်လ (၅)ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (K.N.L.A) day ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။