မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁  ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့   မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ တောင်သာမြို့နယ် နန်းမြင့်ရွာအရှေ့ဘက် နန်းမြင့်စွယ် ဘုန်းကြီးကျောင်းအတွင်း အင်အားအများအပြားနဲ့ စုပေါင်းထားပြီး တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေချိန်   မြင်းခြံခရိုင်တပ်ရင်း(၃)  ဒရုန်းအဖွဲ့က 28KG ဗုံးသီးတွေ ကြဲချပြီး တောင်သာမြို့နယ်ပကဖနဲ့အတူ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်ပစ်ခတ်ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဲဒီနောက် ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှာ အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ယာဉ် ၄ စီးနဲ့ မြင်းခြံမြို့သို့ ဆုတ်ခွာလာခဲ့ရာ  ယာဉ်တန်းကို ၂ နေရာခွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲလိုတိုက်ခိုက်ရာမှာ ယာဉ်တန်းရဲ့ ရှေ့ဆုံးယာဉ်ပေါ်မှာပါတဲ့ ပျူစောထီးအများအပြားသေဆုံးပြီး ကျန်တဲ့ ယာဉ် ၃ စီး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီစစ်ဆင်ရေးကို Myingyan District Army-3_MDA-3_Taungtha Youth၊ တောင်သာပကဖ၊ စွန်ရဲ(မြင်းခြံပကဖ)၊ မြင်းခြံခရိုင်တပ်ရင်း၁၊ တပ်ရင်း၂၊ တပ်ရင်း၇နဲ့ တပ်ရင်း၈ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပေါ်တာဆွဲခံရတဲ့ လူငယ်ကိုလည်း ပြန်လည်ကယ်တင်နိုင်ခဲ့ကာ အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

ချောက်-စလေလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားများ စီးနင်းလာသည့် ကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်-စလေလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ People Defense Force Chauk က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချောက်-စလေလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၈ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ဂိတ်ကနေ ဝါးစေ့မြှောင်ဂိတ်ကိုလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၈ ယောက်သေခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်ပြေး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီခန့်မှာ နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေ အင်အား ၉၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။
Read More

အာယုတောင်ကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်၊ ပျူခေါင်းဆောင် ဒဏ်ရာရရှိပြီး ပျူ ၄ ဦးသေဆုံး (ရုပ်/သံ)

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။