TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။

PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က  ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

စစ်ကောင်စီထံက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့နယ်မြေအတွင်း စစ်အာဏာရှင်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကာကွယ်သွားရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်အဖွဲ့စည်းတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြုရမယ်လို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ ယိုင်‌နဲ့နေတဲ့ စစ်အာဏာရှင်စစ်အုပ်စုကို ၂၀၂၅ မှာ အချိတ်အဆက်မိမိ ဖြိုချသွားရမယ်လို့ သူကပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစု အချင်းချင်း မိတ်ဖက်နိုင်ငံရေးနည်းလမ်းနဲ့ ဒေသတွင်းဖြစ်ပွါးနေတဲ့ ပြဿနာတချို့ကို ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့လည်း အသိပေးပြောကြားပါတယ်။

တအာင်းအမျိုးသားတို့ရဲ့ တော်လှန်ရေးခရီးကို ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်တဲ့အတွက် မနေ့က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ဟာ တအာင်းအမျိုးသားတော်လှန်ရေး (၆၂) နှစ်မြောက်နေ့လည်း ဖြစ်ပါတယ်။ 

တအာင်းဒေသခံ ပြည်သူလူထုတွေရဲ့ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့   မြန်မာပြည် တစ်ဝန်းလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှာ တော်လှန်ရေးပူပေါင်းအဖွဲ့က လမ်းလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နဲ့ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီး လမ်းပိုင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊  မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး)၊ Lion Battalion စစ်ကြောင်း မဟာမိတ် ပူး‌ပေါင်းအဖွဲ့က ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဒီနေ့မှာ ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်၊ မှော်စီစာရွာ လမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသား ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ယောဒေသ တော်လှန်ရေးအင်အားစုများကို ချိုးနှိမ်စိန်ခေါ်လေ့ရှိသည့် ဗိုလ်မှူး လှမျိုးထွဋ်ဆိုသူ တီးတိန်တိုက်ပွဲအတွင်းရရှိသည့် ဒဏ်ရာများဖြင့် အရေးပေါ် ဆေးရုံတင်ထားရ

မကွေးတိုင်း၊ ယောဒသ၊ ဂန့်ဂေါခရိုင်အတွင်းက တော်လှန်ရေးအင်အားစုတွေကို အမြဲလိုလို ချိုးနှိမ်စိန်ခေါ်နေတတ်တဲ့ ခလရ ၅၀တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူး လှမျိုးထွဋ်ဆိုသူ ချင်းပြည်နယ်မြောက်ပိုင်း ရှေ့တန်းတစ်နေရာမှာ ရရှိတဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး မျိုးမင်းထွေးရဲ့ အမိန့်နဲ့ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းကနေ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ်ဟာ လက်ရှိမှာ တိုက်ပွဲအတွင်းရရှိတဲ့ ပြင်းထန်ဒဏ်ရာတွေနဲ့ တီးတိန်ဆေးရုံပေါ်မှာ အရေးပေါ် တက်ရောက်ကုသနေရတာ ဖြစ်ပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။