မန္တလေးတိုင်း မြင်းခြံ-တောင်သာလမ်းပေါ်မှာ အင်အား ၁၀၀ ခန့်ရှိ ခမရ ၁၅၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ စီးနင်းလာတဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အယောက် ၂၀ ခန့်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ  နန်းမြင့်ရွာနဲ့ တောင်ရှေ့ရွာကို စစ်ကြောင်းထိုးကာ ပြန်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့  MA-1 ၁ လက်၊ MA-3 ၆ လက်၊ G-3 ၃ လက်၊ MA ကျည် ၅၁ တောင့်၊ G-3 ကျည် ၁၅၉ တောင့်၊ 9Volt ကျည် ၈ တောင့်၊ ကျည်အိမ် ၂၄ ခု၊ Jammer အကြီး ၁ လုံးနဲ့ ကျောပိုး Jammer ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း  ရဲဘော် ၃ယောက် မစိုးရိမ်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဓာတ်ပုံကို ဖြုတ်ချပြီး ခြေထောက်နဲ့ ချနင်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို တော်လှန်ရေးရဲဘော်က ဖြုတ်ချပြီး ခြေ ထောက်နဲ့ နင်းနေတဲ့ ရုပ်သံဖိုင်တစ်ခု ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း PDF ရဲဘော်များ တပ်စွဲထားသည့် နေရာအား ထိုးစစ်ဆင်လာသည့် အကြမ်းစစ်တပ်ကို ခုခံတိုက်ခိုက် စစ်သားအများအပြား သေဆုံးပြီး နောက်သို့ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားတဲ့နေရာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး တပ်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ Myingyan Blcak Tiger – MBT က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားတွင် ဆိုလာပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုလာပလပ်ခုံအပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။
Read More

မြင်းခြံ ဆုံပျူစခန်းက ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံပျူစခန်းကနေ ခြောက်ဘီးယာဉ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TGYR-YouthGuerrillaCounterRevolution-NZ(LPDF) အဖွဲ့ထံက သိရပါတယ်။