အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလ ပထမလဝက်အတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၉)ယောက် အလင်းဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ (၂) ရက်မှာ ဆောမြို့မရဲစခန်းက ရဲတပ်သား (၁) ယောက်က ဂန့်ဂေါခရိုင် တပ်ရင်း-၂ ကို ဆက်သွယ်ပြီး G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုနဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၆) ရက်မှာလည်း ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်ဟာ MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်ဘောက် (၉) ခုနဲ့ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ဆီ  အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၇)ရက် မနက်ပိုင်းကလည်း ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းက စစ်ကောင်စီတပ်သား ၁၆ ယောက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဆီ ၈၀ မမ (၁) လက်၊ ၆၀မမ (၁) လက်၊ စက်လက် (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1 ၇လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 ၁လက် တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ပါသေးတယ်။

ဇန်နဝါရီလ (၉) ရက်မှာတော့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းက ရဲတပ်သား (၁) ယောက်က G-3 (၁) လက်၊ ကျည် (၃၄၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်ဘောက် (၂) ခုတို့နဲ့ ဂန့်ဂေါခရိုင် တပ်ရင်း-၃ ဆီ အလင်းဝင်ရောက်ခဲ့သလို အဲ့ဒီနေ့မှာပဲ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းက တပ်သား (၂) ယောက်က MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုနဲ့ ပခုက္ကူခရိုင် တပ်ရင်း-၈ ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဇန်နဝါရီလ (၁၀) ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာမှာ ယာယီအ‌ခြေပြုနေတဲ့ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီး ခမရ-၁၃ က ပြည်သူ့စစ်တပ်သား (၂) ယောက်က MA-1 (၂) လက်၊  MA ကျည် (၄၆၀) တောင့်နဲ့ ရွှေဘိုခရိုင် တပ်ရင်း-၂ ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၁ ရက်မှာလည်း အမှတ်(၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၅) သင်တန်းဆင်းကာ ခမရ ၅၅၉ မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား၂ ယောက်က တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းဆီ MA-1 (၁)လက်၊ MA-3 (၁)လက်၊ ကျည် ၁၇၅တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး (၁) လုံးနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း အလင်းဝင်ရောက်လာသူတွေဆီက MA–1  (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁)လက်၊ G-3  (၂) လက်၊ MA ကျည်ဘောက် (၂၉) ဘောက် ၊ စနိုက်ဘာ (၁) လက်၊ စက်လက် (၁) လက်၊ ၈၀မမ (၁)လက်၊ ၆၀မမ (၁)လက်၊  လက်ပစ်ဗုံး (၁၀) လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊ MA ကျည် ၁၀၅၈ တောင့်၊ ပို့ကျည် ၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး တို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရှေ့တန်းရောက် စစ်ကူတွေ ထွက်ပြေးလို့ နောက်တန်းကျန် အရာရှိတချို့နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီ စစ်ဆေးနေ

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲအတွက် စစ်ကောင်စီက စစ်ကူလွှတ်လိုက်တဲ့ ပုသိမ်အခြေစိုက် ခလရ ၁၁ နဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ က အရာရှိစစ်သည်တချို့ ရှေ့တန်းစစ်မျက်နှာကနေ ထွက်ပြေးလို့ နောက်တန်းမှာကျန်ခဲ့တဲ့ အရာရှိတချို့နဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လိ့ သိရပါတယ်။
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့၊ ရွှေဧကရာဇ်ရွှေဆိုင်မှ ဓားပြတိုက်လာသူ ၄ဦးကို ဧရာဝတီမြစ်ကြောင်းအတွင်း PDF များဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။