မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၈ ရက်မှာ စလင်းမြို့နယ်၊ ခလရ -၂၅၅ တပ်ရင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် ၃ ယောက်ကို စလင်းမြို့နယ် (ပကဖ) က အရှင်ဖမ်းဆီးရမိခဲ့ပြီး လူသားချင်း စာနာ‌ထောက်ထားမှုနဲ့အညီ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အဲဒီ အလင်းဝင်တပ်သားသစ် ၃ ယောက်ဟာ  မန္တလေးမြို့မှာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီး ရပ်စောက်မြို့ (ဗထူး) သင်တန်း အမှတ်စဉ် ၆ က သင်တန်းဆင်းကာ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းကို ပို့ဆောင်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စလင်းမြို့နယ်အတွင်း ကျန်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်ကောင်စီ လက်‌အောက်က ရုန်းထွက်ပြီး စလင်း ပကဖ ဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ရင် ထိုက်သင့်တဲ့ ဆု‌ကြေးငွေတွေကို ချီးမြှင့်ပေးအပ်သွားမှာဖြစ်သလို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးသွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကားဝပ်ရှော့နဲ့ ကား ၁၂ စီး ပျက်စီးဆုံးရှုံးခဲ့ရ

လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သား ၈ ဦး သေပြီး ၁ ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်သာတွင် စစ်သား ၂ယောက်ကို PLA ရဲဘော်များ ရုတ်တရက်တွေ့ပြီး ပစ်ခတ်၊ စစ်သား ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၂ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက်လုံး သေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မြင်းခြံခရိုင်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။