မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ခြေကုတ်ယူထားတဲ့ ကဒါကျေးရွာက ရဲစခန်းကို NMSP-AD တပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၅) ယောက် သေဆုံးကာ (၄) ယောကိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီဘက်က (၁) ယောက် သေဆုံးကာ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဌာနချုပ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

Urban Operation Column ၏ 7 july ​အောက်​မေ့ဖွယ်အခမ်းအနား

၆၃ နှစ်ပြည့်​ 7 July ​အောက်​မေ့ဖွယ်အခမ်းအနားကို ဇွန်လိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်ရှိ တပ်ရင်းရုံး စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Urban Operation Column က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။