ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့အနီး လိန်ပင်ရွာထိပ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၅ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့မှာ ကင်းပတ်ပြီး ပြန်လာစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်း လိန်ပင်ရွာထိပ်အနီးမှာ ဆက်ကြေးကောက်နေတဲ့ ရဲတပ်သား (၅) ယောက်ကို ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်သား ၅ယောက်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေ၊ တပ်စခန်းအနီးတွေကနေ အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့ MBT အဖွဲ့က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

၂ ပတ်ကြာ စစ်အုပ်စု စစ်ကြောင်းထိုးနေသည့် ရေစကြိုတွင် ခေါင်းဖြတ်မီးရှို့သတ်ခံထားရသည့် အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ငုံ့မခံ တုံ့ပြန်ခဲ့ကြသည့် ဒေါက်တာတေဇာဆန်းတို့အဖွဲ့ကို စစ်အုပ်စု အသည်းအသန် ပိုက်စိပ်တိုက်ရှာဖွေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်၊ စျေးချိုမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနေ့က မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုနန်းလင်း(ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)နဲ့ မြို့နေလူထု ပါဝင်ခဲ့တယ်လို့သိရပါတယ်။
Read More

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ပြုလုပ်သည့် ကရင့်အမျိုးသားအာဇာနည်နေ့ (ဓာတ်ပုံသတင်း)

သြဂုတ်လ ၁၂ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ဌာနချုပ် မယ်သမီခီး (ထီးခီး) မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အခြေခံစိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်း ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းကို တပ်ဖွဲ့ရဲ့ ထိန်းချုပ်စိုးမိုးနယ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။