ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

တစ်နှစ်ငံလုံးကို လုံလောက်မျှတစွာ လျှပ်စစ်မီး မရရှိခြင်းအပေါ် ဒေသခံအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုကြောင့် ဆက်မလုပ်ဖြစ်တော့တဲ့ စီမံကိန်းတွေကို အကြောင်းပြပြီး မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။

မင်းအောင်လှိုင်က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြင်ဦးလွင်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

၂ဝဝ၅ ခုနှစ်က စပြီး အကောင်အထည်ဖော်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ အမျိုးမျိုးနှောင့်ယှက်ခံခဲ့ရတာကြောင့် စီမံကိန်းတွေ ရပ်နားခဲ့ရတယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။

အခြားသောနည်းလမ်းတွေနဲ့ လုံလောက်စွာ လျှပ်စစ်မီး ပေးနိုင်တဲ့ နည်လမ်းများစွာ ရှိပါလျက်နဲ့ မင်းအောင်လှိုင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့်  လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းတွေ မဖော်ဆောင်နိုင်မှုကိုသာ အကြောင်းပြ ပြောဆိုလိုက်တာပါ။

ဒါ့အပြင် လက်ရှိလျှပ်စစ်မီး အခက်အခဲအတွက် မင်းအောင်လှိုင်က ဆိုလာစနစ်ကို အသုံးပြုရမယ်လို့ဆိုပြီး ၎င်းရဲ့သားဖြစ်သူ နဲ့မိသားစုတွေဟာ ဆိုလာကို ပြည်ပကနေ မြောက်မြားစွာ တင်သွင်းဖြန့်ဖြူးနေချိန်လည်းဖြစ်ပါတယ်။

စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထုတ်ပြန်ချက်အရ လက်ရှိ လျှပ်စစ်ဓာတ်အား တစ်ရက်ပျှမ်းမျှထုတ်လုပ်နိုင်မှုရဲ့ ငါးဆယ် ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပါတော့တယ်။

 ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားကို အချိုးကျခွဲ ဝေပေးနေရပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးဆိုးရွားရွားခံစားနေရတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

ဂျပန်နိုင်ငံ ပါတီပေါင်းစုံ လွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည် အစည်းအဝေးကို NUG တက်ရောက် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ ပါတီပေါင်းစုံပါဝင်တဲ့ လွှတ်တော်အမတ်များသမဂ္ဂ (Giren)ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ တစ်ပတ်အတွင်း အရပ်သား ၉၀ကျော်ကို စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွား

ကန့်ဘလူမှာ တစ်ပတ်တာအတွင်း အရပ်သား ၉၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၅) တပ်ဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ်၊ တပ်ရင်းအမှတ် ၅ နဲ့ ဗဟိုကော်မတီ တွေ့ဆုံပွဲအခမ်းအနားကို မနေ့က နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို KNDF က ထုတ်ပြန်လာပါတယ်။
Read More

မန္တလေးက စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ခံရသူတွေကို ဒေါက်တာတေဇာစန်း အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက် 

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဒေသအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသအုပ်ချုပ်ရေး (ပအဖ)၊ ဒေသကာကွယ်ရေး (ပကဖ) တာဝန်ရှိတွေ ပူးပေါင်းပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာတေဇာစန်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဖော်ပြထားပါတယ်။ 
Read More

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ ကျဆုံး

ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ - Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။