တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

(၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ အာရက္ခတပ်တော် AA တို့က တအာင်းတော်လှန်ရေးနေ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းလည်း ပြောကြားထားပါတယ်။

MNDAA ၊ TNLA  နဲ့ AA တို့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သမိုင်းမှာ အကြီးအကျယ် ပြိုလဲရှုံးနိမ့်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို သမိုင်းဝင်ဖော်ဆောင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။

တအာင်းအမျိုးသားတစ်ရပ်လုံးနဲ့ PSLF/TNLA ရဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ ပြီးပြည့်စုံတဲ့အထိ အထမမြောက်သေးပေမယ့် အတိုင်းအတာတစ်ခုအထိ အထမြောက်အောင်မြင်ပြီလို့လည်း MNDAA နဲ့ AA ရဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

MNDAA နဲ့ AA တို့၏ သဝဏ်လွှာ

TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့ မြို့ပြစည်ပင်သာယာ၀ပြောဖို့ အကောင်းဆုံးဆက်လက်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့အနေနဲ့ ဘုံရန်သူတွေကို ကိုယ့်ဒေသအသီးသီးမှာ တော်လှန်တိုက်ခိုက်ရာမှာ တစ်ဖွဲ့ရဲ့ လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မဟာမိတ် ညီနောင်တပ်ဖွဲ့တွေဟာ ရဲဘော်ရဲဘက်စိတ်ဓါတ်နဲ့ နှစ်ကာလများစွာ အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာကြောင့် အခုလို အောင်မြင်မှုအသီးအပွင့်တချို့ကို ရရှိခဲ့တာလို့လည်း ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

TNLA ​က အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမှာ ၁၈ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်း ၂ ခါဆွဲခံရပြီး ၇ ယောက် သေဆုံး…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၂ဦးသေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က စစ်သား ၂ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်မှာ အင်အား ၁၀၀ခန့်ရှိ စစ်တပ်စစ်ကြောင်းဟာ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး RMA ဒေသလှုပ်ရှားတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
Read More

မကြည်ပြာ နှင့် ခင်ပွန်းတို့အား စုံစမ်းစစ်ဆေးမှု ၁ လ ကျော်ကြာလာသောကြောင့်  ထုတ်ပြန်ပေးရန် NUG အစိုးရကို Queer အဖွဲ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကာလ ၁ လကျော်ကြာသွားပြီးဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးဖို့ Queer အဖွဲ့အစည်းများက တိုက်တွန်းလိုက်ပါတယ်။
Read More

ဝေါနှင့် ရွှေကျင်မှာ စစ်ကောင်စီတပ်ကို စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ထိမှန်ခဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် ထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။