ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။  

ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၂ယောက်သေဆုံးပြီး ၁ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း PNLO က ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 

မနေ့က  ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းလောက်မှာ  လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ယာအလုပ်ကနေ ပြန်လာတဲ့ ဒေသခံအမျိုးသမီး ၃ယောက်ထဲက သားအမိ ၂ယောက် သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီး တစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီက ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ရဲ့ ဌာနချုပ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်နေခြင်းဟာ စစ်ကောင်စီအနေနဲ့  စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေခြင်း ဖြစ်တယ်လို့ PNLO က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
Read More

ထိန်းချုပ်နယ်မြေအတွင်း ပြည်သူကို လှည့်ဖျားမည့် ရွေးကောက်ပွဲအတု မကျင်းပနိုင်ရန် ဆန့်ကျင်သွားမည်ဟု ဒူးသထူခရိုင်-ဖားအံမြို့နယ် KNU ကြေညာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို KNU ဗဟိုရဲ့ သဘောထားအတိုင်း ဆန့်ကျင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူခရိုင် - ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ကြေညာပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အုတ်ဂူပေါ် ဖိနပ်စီးပြသည့် စစ်တပ်​​လော်ဘီ ကျော်စိုးဦး၏ လုပ်ရပ်သည် အင်မတန် အောက်တန်းကျကြောင်း ပြောဆိုဝေဖန်မှုများ ရှိနေ

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမြုပ်နှံထားရာ အုတ်ဂူတွေအပေါ် ​ခြေထောက်တင် ဖိနပ်ကြိုးစီးပြတဲ့ အကြမ်းဖက်စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူရဲ့လုပ်ရပ်ဟာ အမတန်ရိုင်းစိုင်းအောက်တန်းကျကြောင်း တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေ​​က ပြင်းပြင်းထန်ထန် ပြောဆိုနေကြပါတယ်။
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အရပ်သားလူငယ်တချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ရဲစခန်းကို လူချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အရပ်သားတချို့ဖမ်းဆီးခံရကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။