စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Blood Money အဖွဲ့က အင်္ဂလိပ်ဘာသာတဲ့ ထုတ်ဝေတဲ့ လူထုဆီဦးတည်ထားသည့် လေကြောင်းပစ်မှတ်ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ်အထိ စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်မြောက်ဖို့ တစ်လသာ လိုတော့ချိန်မှာ တစ်နိုင်ငံလုံးကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၂၂ ကြိမ်အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းကအများဆုံး ဖြစ်ပြီး ဒုတိယမြောက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့  ရခိုင်ပြည်နယ်က တတိယမြောက်အများဆုံး တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ 

သုတေသနစာတမ်း မျက်နှာဖုံး (ဓာတ်ပုံ Blood Money)

စစ်အုပ်စုရဲ့ စစ်လေယာဉ်တွေဟာ ပဋိပက္ခဖြစ်ပွါးရာ ဒေသတွေက ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ ဈေး၊ မြို့တွေနဲ့ စစ်ဘေးရှောင်စခန်းတွေပါ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Blood Money ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာသာရေးအခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးနဲ့ ပြုလုပ်နေချိန်တွေမှာ အဓိကထား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်အုပ်စုဟာ လေကြောင်းကနေ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ် အပါအဝင် အသက်မွေးဝမ်းကျောင်းနဲ့ အခြေခံလိုအပ်ချက်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေက  ပြည်သူတွေ ကြောက်ရွံ့ ပူပန်မှုတွေဖြစ်အောင် ပြုလုပ်နေပြီး တော်လှန်ရေး အင်အားစုတွေကို ဖိနှိပ်လျက်ရှိတယ်လို့ Blood Money ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

သဲကုန်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၃ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က ၁၃ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် စစ်ရေးတာဝန်ခံထံက သိရပါတယ်။ 
Read More

မွန်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းအောက် ဝင်ရောက်ပူးပေါင်းခြင်းထက် ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြော

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။