ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့အနီး လိန်ပင်ရွာထိပ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၅ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့မှာ ကင်းပတ်ပြီး ပြန်လာစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်း လိန်ပင်ရွာထိပ်အနီးမှာ ဆက်ကြေးကောက်နေတဲ့ ရဲတပ်သား (၅) ယောက်ကို ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်သား ၅ယောက်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေ၊ တပ်စခန်းအနီးတွေကနေ အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့ MBT အဖွဲ့က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆင်ဖြူကျွန်း နယ်မြေရဲစခန်းနှင့် ထွေအုပ်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ ရက်ဆက် ဗုံးပစ်တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်က ဆင်ဖြူကျွန်းနယ်မြေရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဗုံးသီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိကြောင်း ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသည့် အရပ်သား ၇၁ ဦး ရှိဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၇၁ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာရပ်ကွက်ရုံး ဗုံးခွဲခံရမှုအတွင်း လုံခြုံရေးယူထားသည့် စစ်သားနှင့် ပျူစောထီးများ မီးလောင်ဒဏ်ရာရ၊ လူငယ် ၂ ဦးဖမ်းဆီးခံထားရပြီး စစ်တပ်က သတင်းဖုံးဖို့ကြိုးစားနေ…

" အထဲမှာအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေပြီး အပြင်ဘက်မှာတော့ စစ်ခ နဲ့ ရခ ၄ ကောင်ပဲရှိတယ်။ လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးနဲ့ ဗုံးသီးအစစ် ၂ လုံးဆိုတော့ ပြင်းအားကတော့ မြင့်ပါတယ်။ စစ်သားနဲ့ပျူစောထီးတွေ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြတယ်လို့တော့ ပြောတယ်။ သေမသေကတော့ အတည်မပြုနိုင်သေးပါဘူး။ " လို့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။