မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မနေ့က ဇန်နဝါရီလ ၁၁ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ကျုံလောင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

“အခုဆို ဝယ်ဇင်မှာ လူနည်းနည်းပဲ ကျန်တော့တယ်… လေယာဉ်နဲ့ လာကြဲသွားတာက ၂ ခါ၊ လက်နက်ကြီးကလည်း အလုံးမနည်းဘူး ပစ်နေတာ… မိုးလင်းကနေ ဆက်တိုက်ပဲ” လို့ စစ်ရှောင်ထွက်ပြေးနေရတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျုံလောင်း၊ ကျောက်မိချောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင် စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ရှောင်ထွက်ပြေးနေကြရတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက ကျုံလောင်းရွာဟောင်းဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်ခရိုင် မြို့နယ် ၄ ခုရှိ ကျေးရွာများကို စစ်အုပ်စု အကြောင်းမဲ့ ဆက်တိုက်ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ်များအပါ ၅ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါ ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအပေါ် သစ္စာဖောက် ထွက်ပြေးသွားသူနှင့် နာမည်တူ အထင်မြင်လွဲမှားခံ​နေရမှုအပေါ် Snipe Rangers Force တာဝန်ခံ ပြန်လည် ဖြေရှင်း

တော်လှန်ရေးကို သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်နဲ့ နာမည်တူနေတဲ့အပေါ် ပြည်သူတွေအထင်မလွဲဖို့ လုပ်ဆောင်နေရကြောင်း Snipe Rangers Force (Local-PDF) တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး(ခ) ရဲဘော်ဆလိုင်းက မောင်းကို ပြောပါတယ်။
Read More

ဖျာပုံထောင်တွင် ထောင်အာဏာပိုင်များက အကျဥ်းသားများကို အခန်းလူကြီးကြေး (စောင့်ရှောက်ကြေး) ဆိုပြီး ခြိမ်းခြောက် ငွေညှစ်နေ 

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေပြီး လာဘ်စားမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြင့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
Read More

ခြံအမှတ် (၅၄) ရဲ့ လေလံကြမ်းခင်းစျေးကို လျှော့ချပြီး လေလံပစ်ဖို့ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားရုံး ကိုကန့်ကွက်ထား

ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံကို လေလံကြမ်းခင်းဈေးလျှော့ဖို့ ဦးအောင်ဆန်းဦးရဲ့ အဆိုကို ကန့်ကွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က  တရားရုံးကို လျှောက်လဲချက်တင်သွင်းခဲ့ပါတယ်။