တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၁ ရက်၊ နေ့လည်ပိုင်းမှာ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာခဲ့တဲ့ အင်အား(၁၂၀) ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီး အလုံး (၂၀) ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်ခဲ့ရာ အထိနာသွားတဲ့ အကြမ်းဖက်စစ်ကြောင်းက ဗုံးကြဲခံရပြီး နာရီဝက်အကြာမှာ တပိုဆယ်အိမ်စုကျေးရွာကတစ်ဆင့် ပါဒစက်တော်ရာဘုရားကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ သူတို့ဆုတ်ခွာရာ လမ်းတလျှောက်က ပြည်သူ့နေအိမ် (၅)လုံးနဲ့ ရာဘာခြံဧက (၅၀)ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ရာ ဒီနေ့ ညနေပိုင်းအထိ လောင်ကျွမ်းနေဆဲ ဖြစ်ပြီး မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ မီးထိန်းနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။

အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာ တပိုဆယ်အိမ်စုကျေးရွာက ဒေသခံ အမျိုးသား(၂) ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သလို လက်နက်ချင်း ယှဉ်မတိုက်နိုင်တဲ့အခါ လက်နက်မဲ့ပြည်သူအပေါ် အနိုင်ကျင့်ရမ်းကားတဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက်သာသာ အဖွဲ့အစည်း ဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မုဒုံတွင် အကြောဆေးထိုးမိသူ ၂၉ ဦး ‌ဆေးရုံတက်ရပြီး အဲဒီထဲက ၇၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက အကြောဆေးထိုးပေးပြီးတဲ့နောက်မှာ လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး အဲဒီထဲမှာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေရဲ့ သီတင်းကျွတ်ကာလ ဖြတ်သန်းမှု ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရဲဘော်တွေ သီတင်းကျွတ်အခါသမယကို ဆင်နွှဲနေတဲ့ မြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသည့် အကြမ်းဖက်စစ်တပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ကား ၂ စီးနဲ့ လိုက်လံခိုးယူတင်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Pakokku People Defense Force (PPDF) က ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုက ဆည်မြောင်းဝန်ထမ်းမရှိတဲ့ ဂမုန်းဆည် မကျိုးဖို့ PDF တွေ တာဝန်ယူဆောင်ရွက်နေရ

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Read More

နမခကနေ စစ်ကိုင်းဘက်လာတဲ့ သံချပ်ကာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ၇ ယောက် သေ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။