အရပ်သားပြည်သူ  ၂၀ကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး (KHRW) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့  လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အထိရောက်ဆုံး အပြင်းထန်ဆုံး အရေးယူပေးဖို့ KHRW က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။ 

တနိုင်းမြို့နယ်မှာရှိတဲ့ လပူခရွှေမှော်နဲ့ စန်လွန်ရွှေမှော်ကို မနေ့က  ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ၂၀ ခန့် သေဆုံးခဲ့ပြီး ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြင်းထန်ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေ့စဉ် အရပ်သားပြည်သူတွေ အကြောင်းမဲ့သေဆုံးနေရမှုအပေါ်  နိုင်ငံတကာက အမြန်ဆုံးအရေးယူပေးဖို့ ဖော်ပြထားပါတယ်။

KHRW ၏ ထုတ်ပြန်ချက်

အာဏာသိမ်းစစ်ကောင်စီဟာ  ပြည်သူလူထုအပေါ် လူသားမျိုးနွယ် ဖြစ်တည်မှုကို ရွည်ရွယ်ချက်ရှိရှိ ထပ်မံချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့လည်း ဖော်ပြရေးသားထားပါတယ်။ 

ပြည်သူလူထုအပေါ် ချိုးဖောက်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court – ICC)ကနေ ထိရောက်စွာ အရေးယူပေးဖို့လည်း တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ဖို့ နိုင်ငံတကာက လေယာဉ်ဆီအပါအဝင် စစ်ဘက်သုံးလေယာဉ်နဲ့ အစိတ်အပိုင်းတွေ ရောင်းချတာတွေကို ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက် တောင်းဆိုတိုက်တွန်းလျက် ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရေဦး PDF ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ ချိကွဲ့ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ Bawlakhe PDF က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြောက်ဥက္ကလာ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်…

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်း၊ စစ်သား ၅ ဦး သေပြီး ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်ထား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းရာ စစ်သား ၅ ယောက် သေဆုံးပြီး ရွာကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားဝယ်ခရိုင်) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။