မကွေးတိုင်း ဆောမြို့မရဲစခန်းကနေ အင်အား ၅၄ ယောက်နဲ့ လောင်းရှည်မြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လောင်းရှည်တိုက်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် – ၃ တပ်ရင်းထံက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ‌ယောက်သေ၊ ၁ ယောက်အရှင်ဖမ်းမိကာ ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

အဲဒီနောက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် သားတွေနဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၁ ယောက်အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ ကြိမ်အတွင်း တိုက်ပွဲမှာ MA-2 ၂ လက်၊ MA-3 ၁ လက်၊ G-3 ၁ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ် (၃၊၅၊၆) တပ်ရင်းတွေနဲ့အတူ မကွေးတိုင်း Drone တပ်ဖွဲ့၊ မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းအား တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၄ ရက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် တပ်ကုန်းရှိ ဆင်သေရေလွှဲဆည်ကျိုးကျသွားတဲ့အတွက် မြေနိမ့်ပိုင်းက နေအိမ်များဆီသို့ ရေများ စီးဝင် (ရုပ်/သံ)

နေပြည်တော် တပ်ကုန်းမြို့ရှိ ဆင်သေရေလွှဲဆည်ဟာ အင်အားပြင်းငလျင်ဒဏ်ကြောင့် ကျိုးကျသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ စစ်ကော်မရှင်တပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ One More စစ်ကြောင်းတာဝန်ခံဆီက သိရပါတယ်။ 
Read More

အုတ်တွင်းမြို့နယ်အတွင်း စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၇ ဦးကျော် ဒဏ်ရာရကာ နေအိမ် ၇ လုံး မီးလောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မတ်လ ၂၂ နဲ့ ၂၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ပေါ် အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများကို အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက အီနာဂါဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်ထံက သိရပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်စဉ်က တိုက်ပွဲမှတ်တမ်းကို ထုတ်ပြန်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ Southern YSO PDF က ထုတ်ပြန်လာပါတယ်။