မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှာ ၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ အခုချိန်အထိ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံခဲ့ရတဲ့ အရပ်သားပြည်သူ ၅ ယောက်ရဲ့ မိသားစုတွေကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် လူထုဆန္ဒထုတ်ဖော်ချိန်ကစလို့ ၂၀၂၅ တော်လှန်ရေးကာလအချိန်ထိ ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်း ထိန်းချုပ်နယ်မြေ လောင်းရှည်တိုက်နယ်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ (၅) ယောက်ရဲ့ မိသားစုနေအိမ်တွေဆီ သွားရောက်အားပေးစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းအနေနဲ့ ပြည်သူတွေ တပ်ရင်းကို လှူထားတဲ့ စားနပ်ရိက္ခာနဲ့ အလှူငွေတွေထဲကနေ (၁) အိမ်ထောင်ကို ဆန်တစ်တင်းနဲ့ ငွေကျပ်တစ်သိန်း ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့အာဏာကို မတရားလုယူထားပြီး အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့အတူ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲရောက်ရှိတဲ့အထိ ကြိုးစားတိုက်ပွဲဝင်သွားမယ်လို့လည်း ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ကို စစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီး 

တအာင်းတပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အပတ်စဉ် ၆ စစ်သင်တန်းအတွက် တပ်သားသစ်တွေ ခေါ်ယူနေ

ချင်းပြည်နယ်အခြေစိုက် အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းအတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ် ကြိုတင်ဖော်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း NUG ယာယီသမ္မတ ပြောကြား

အရွယ်အလိုက် ကြီးပြင်းလာတဲ့ တော်လှန်ရေးကို တော်လှန်ရေးလားမြောက်အောင် ထပ်မံ ချဲ့ထွင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်

တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။
Read More

ပျော်ဘွယ်တွင် ဆိုင်ကယ်နှင့်ထွက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။