ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၆၂ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Aung San’s Land Natmaukအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၄ နာရီအချိန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမြန်လမ်း၊ ရွာသစ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ရွာသစ် ကျေးရွာအနီး စစ်ကောင်စီ ကားနဲ့ ထိပ်တိုက်တွေ့သည့်အတွက် ၄၀ မမ၊ gun ငယ်များနဲ့ စီးပစ်တာ စကစ ကား ပျက်စီးသွားပြီး အသေအကျေစာရင်း မသိရသေးပါဘူး” လို့ Aung San’s Land Natmaukအဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Aung San’s Land Natmauk အဖွဲ့၊ ပျော်ဘွယ် – ရမ္မည်းသင်းပကဖနဲ့ နတ်မောက်တပ်ပေါက်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူကို ၂၆၂ မိုင်တိုင်ကို လာစေချင်တာကြောင့် စိုင်းကောင်းစခန်းကို ဝင်စီးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါ့ပေမယ့် လမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တိုးတာကြောင့် မူလအစီအစဉ်ပျက်စီးသွားပေမယ့် စစ်ကား ၁ စီးကိုတော့ ပျက်စီးအောင်လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နေ့လည်ပိုင်းမှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ မှာ Aung San’s Land Natmauk တပ်ဖွဲ့ကနေ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနက ညွှန်မှူး ရွှေဘနဲ့ အမျိုးသမီးဖြစ်သူတို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ စစ်ကောင်စီတပ်စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်…

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် စစ်တပ်ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်သည့် ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုတွင် အသံတိတ်သပိတ် ကျင်းပနေချိန် အပြင်ထွက်ပျော်ပါးသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံခဲ့ရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ညိုလမ်းတွင် ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်၊ ၁၂ ဦး သေဆုံး

‎မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ တပ်ကုန်းမြို့ကိုသွားတဲ့ တောင်ညိုလမ်းမှာ  ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်လို့ ၁၂ ဦးသေဆုံးသွားတယ်လို့ စစ်ကော်မရှင်ထိန်းချုပ် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က မနေ့က သတင်းထုတ်ပြန်ပါတယ်။