ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က လူနေရပ်ကွက်နဲ့ စျေးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ (၁၁) ရက် ဒီနေ့ မနက်ပိုင်းမှာ ကျောက်တော်မြို့က လူနေထူထပ်တဲ့ နေရာတွေဖြစ်တဲ့ ရပ်ကွက်နဲ့ ဈေးတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်တွေနဲ့ သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သုံးကြိမ်အတွင်း ဗုံးအရေအတွက် (၁၅) လုံးခန့် ကို ကြဲချ၊ ပစ်ခတ်၊ တိုက်ခိုက်ခဲ့ရာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ AA က ဆိုပါတယ်။
ဒါ့အပြင် ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အရေအတွက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရမ်းဗြဲမြို့၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်စဥ်ကပုံ
0 Shares:
You May Also Like
Read More

ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်ငွေ ၈၁ သိန်း ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် ၈၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ထားပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ အစည်းဝေးပြုလုပ်နေတဲ့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ သန်ခေါင်စာရင်းကောက်ဖို့အစည်းဝေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို YUPA မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ မြို့ပြ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်

ခဲ့တဲ့ ဇွန်လမှာ ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၁၁ ကြိမ်အထိ ရှိခဲ့ကြောင်း Operation Flame (OF) အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၁၁ ကြိမ်ထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ်၊ လုပ်ကြံမှု ၁ ကြိမ် နဲ့ ဖယ်ရှားရှင်းလင်းခံရမှု ၂ ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သား ၁ ယောက် မြစ်ခြေ – ကျွန်းချောင်း ပကဖ ဆီ လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့လာခဲ့တယ်လို့ MC – KC DF က ဒီနေ့ ထုတ်ပြန်ပါတယ်။