ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ (၉) ရက်မှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းက ရဲတပ်သား (၁) ယောက်က G-3 (၁) လက်၊ ကျည် (၃၄၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်အိမ် (၂) ခုတို့နဲ့ ဂန့်ဂေါခရိုင် တပ်ရင်း ၃ ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းက စစ်ကောင်စီတပ်သား (၂) ယောက်ဟာ MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုနဲ့ ပခုက္ကူခရိုင် တပ်ရင်း ၈ ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ (၁၀) ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာမှာ ယာယီအ‌ခြေပြုနေတဲ့ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီး ခမရ-၁၃ က ပြည်သူ့စစ် တပ်သား (၂) ယောက်ဟာ MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်နဲ့ ရွှေဘိုခရိုင် တပ်ရင်း ၂ ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြဝတီမှာ လူငယ်များကို ပေါ်တာဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNU ဒူးသထူခရိုင်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်းကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

တနိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူပေးဖို့ ICC ကို KHRW တိုက်တွန်းတောင်းဆို

အရပ်သားပြည်သူ  ၂၀ကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး (KHRW) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။