စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ် ၁၀ စီးခန့် အား ဇန်နဝါရီ ၉ ရက်က ကြားဖြတ်တိုက်ခိုက်ပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ ဖိုင်ကို Battalion Of Budalin ( မုံရွာခရိုင်တပ်ရင်း ၂၀) မှ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတိုက်ပွဲဟာ နံနက် ၁၀ နာရီခွဲခန့်ကနေ နေ့လယ် ၁၂ နာရီထိ ကြာမြင့်ပြီး စစ်ကောင်စီတပ်သား ၉ ယောက်သေကာ ၇ ယောက်အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီယာဉ်ကြီး ၅ စီး၊ ၁၂၂ ဟောင်ဝှစ်ဇာ အမြောက်ကျည် ၁၅ လုံး၊ RPG အဖူး ၂၀ ၊ 5.56 ကျည် ၄၀၀၀ တောင့်၊ 7.62ကျည် ၅၀၀၀ တောင့်၊ ဒရုန်းဗုံးသီး ၂၀၊ ၆၀ မမ ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀ လုံး၊ နင်းမိုင်း ၄၅ လုံး၊ Jamper စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး G3 ၂ လက်၊ M
A- 4 ၁ လက် ၊ Uzi ၁ လက်၊ ၄၀ မမ ၃ လုံး၊ ကျောပိုးအိတ် ၅ လုံး၊ယူနီဖောင်း ၂ စုံ နှင့်အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းတွေ လက်ရသိမ်းဆည်းခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း (၂၀) BOB | မုံရွာခရိုင်ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၉၊၂၆၊၂၁)တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း ( ၁၈ ၊ ၂၂ ၊ ၂၄ ၊ ၂၇ )၊အရာတော်မြို့နယ် ပကဖ ၊အရာတော်မြို့နယ်ပကဖ တိုက်နယ်အမှတ် (၁၊၂၊၄၊၅၊၈၊၁၀၊၁၁)၊မုံရွာမြို့နယ်ပကဖ တိုက်နယ်အမှတ် (၂)၊အရာတော်မြို့နယ်ပလဖ၊ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF၊ Golden Eagle Force ၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့တွေနဲ့ အတူ အခြားမဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေသည့် မှတ်တမ်းရုပ်သံ

မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။
Read More

မြိတ်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် စစ်တပ်ရိက္ခာတင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာ တင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှာ သန်းခါင်စာရင်းလာကောက်တဲ့ စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၂ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ ၈ရက် မနက်ပိုင်းက ညောင်ပင်စောင့်ကို သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ‌ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ပလရဲစခန်းကုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချမှု မိုင်းကွင်းအတွင်း ပေါက်ကွဲပြီး ရဲစခန်းပတ်လည်မီးလောင် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပလမြို့ရဲစခန်းကုန်းကို ဇန်နဝါရီ ၁၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့  ပုလောပကဖဒရုန်းတပ်ဖွဲ့ (Shadow Squad) က ထုတ်ပြန်ထားပါတယ်။