ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ၈ရက်နေ့ညမှာ အဆိုပါရဲနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ပုံမှန်ကင်းလှည့်ခဲ့တာဖြစ်ပြီး၊ ရဲစခန်းအပြန်မှာ အခုလို လေးခွနဲ့ ချောင်းအပစ်ခံရတာ ဖြစ်တယ်လို့ သိရတာပါ။
“လေးခွနဲ့ ပစ်လိုက်မှန်းသိလို့ အရှေ့တစ်ယောက်က ငုံ့ရှောင်လိုက်တော့ အနောက်တစ်ယောက်ကိုထိပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျတယ်။ အဲဒါနဲ့ရှေ့တစ်ယောက်က အတင်းဆင်း၊ ပစ်တဲ့လူကိုနောက်လိုက်ပြီး လုံးထွေးသတ်ပုတ်တာမှာ ဟိုလူကအသင့်ပါလာတဲ့ အချွန်နဲ့ထိုးတာ၊ သေနေ့ မစေ့သေးတော့ အရှေ့ဘက်မဟုတ်ဘဲ တင်ပါးထဲကို အချွန်တဆုံးထိုးမိသွားလို့ ဆေးရုံကိုပို့ထားရတယ်” လို့ မအူပင်မြို့မရဲစခန်းနဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
အဆိုပါ ရဲကို လေးခွနဲ့ ပစ်သူဆိုသူရဲ့ မိန်းမဖြစ်သူကို ခေါ်စစ်နေတယ်လို့ ကြားပေမဲ့၊ သူက တကယ်ပဲ အဲဒီလူရဲ့ မိန်းမ ဟုတ် မဟုတ် သေချာမသိဘူး၊ အချွန်နဲ့အထိုးခံရတဲ့ ရဲကတော့ဆေးရုံမှာ အခုထိမဆင်းရသေးဘူး လို့ ၄င်းကဆက်ပြောပါတယ်။
မအူပင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း ကင်းပတ်တဲ့ ရဲတွေကို လေးခွနဲ့ချောင်းပစ်တာတွေ ရှိခဲ့ပြီး၊ ဘာကြောင့် ပစ်ခတ်တာလဲ ဆိုတာကတော့ အခုထိမသိသေးဘူးလို့ ရဲတပ်ဖွဲ့မိသားစုဝင်တွေဆီကနေ သိရပါတယ်။
ပုံစာ- မအူပင်မြို့မရဲ့စခန်း နှင့် ကင်းလှည့်နေသော ရဲအချို့(ပုံဟောင်း)
0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ(၂) ယောက် သေပြီး (၅) ယောက်ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရှားလွင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူ(၂) ယောက် သေပြီး (၅) ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ ရွာပြင် ထွက်အိပ်နေရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၂ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) - TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။