မြန်မာနိုင်ငံတဝှမ်းမှာ ယခုလို မတည်မငြိမ်ကာလတွေအတွင်း အမျိုးသမီးငယ်တွေကို ဇနီးမယားများအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မ ရောင်းစားနေမှုဟာ စိုးရိမ်ဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတယ်လို့ ကချင် အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) က ထုတ်ဝေထားတဲ့ “တရုတ် ဇနီးမယား အဖြစ် အတင်းအဓမ္မ ရောင်းစားခံရခြင်း” အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် လူကုန်ကူးခံရမှု အများစုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အမျိုးသမီးတွေ ဖြစ်ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ လူကုန်ကူးခံရသူ တစ်ဝက်ကျော်မှာ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်မှု မရှိတဲ့ ရန်ကုန်ကဲ့သို့သော အခြား မြန်မာနိုင်ငံဒေသအသီးသီးက အမျိုးသမီးတွေ ပါဝင်နေတာကို လူကုန်ကူးခံရရာက ပြန်လည်လွတ်မြောက်လာသူတွေနဲ့ ဆက်သွယ်မေးမြန်းချက်တွေအရ သိရတယ်လို့ KWAT ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
အခုလို အမျိုးသမီးတွေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အဓိကအချက်ဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲ ရလာဒ်ဖြစ်တဲ့ စီးပွားရေး ချွတ်ခြုံကျမှုတွေကြောင့် ဖြစ်တယ်လို့ KWAT မှ Sah Htoi က မောင်းကို ပြောပါတယ်။
“နေ့စဉ်ဖြစ်နေတဲ့ စစ်ပွဲတွေ၊ စီးပွားရေးချွတ်ခြုံကျမှုတွေကြောင့် အမျိုးသမီးတွေက ကိုယ့်ရဲ့ ရပ်ရွာဒေသမှာ လုပ်ကိုင်စားသောက်ဖို့ အခက်ခဲဖြစ်လာတယ်…ပြီးတော့ ပညာရေး မကောင်းမွန်မှုကလည်း အခုလို ကိစ္စတွေဖြစ်လာအောင် အဓိက တွန်းအားပေးနေတဲ့အရာတွေ ဖြစ်တယ်” လို့ Sah Htoi က ဆိုပါတယ်။
မြန်မာနိုင်ငံနယ်စပ်က အမျိုးသမီးတွေဟာ စစ်ပွဲဒဏ်တွေကြောင့် နိုင်ငံရပ်ခြားကို အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာရင်း ရောင်းစားခံရတာတွေကြောင့်လည်း ပြဿနာတွေက ပိုမိုကြီးထွားလာပြီး တရုတ်ပြည်မှာ အမျိုးသမီးနည်းပါးတာကြောင့်လည်း အပါအဝင်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
၂၀၁၉ ခုနှစ်အထိ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသူအရေအတွက်မှာ ၃ ဆအထိ မြင့်တက်မှုရှိခဲ့ပေမယ့်၊ ကိုဗစ် ၁၉- ကပ်ရောဂါဆိုးကြောင့် နယ်စပ်ဂိတ်မတွေပိတ်ခြင်းနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေအပြင် အာဏာသိမ်းမှု ဖြစ်စဉ်တွေကြောင့် ၂၀၂၁ ကာလတွေမှာတော့ တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံကို အတင်းအဓမ္မ လူကုန်ကူး ခံရမှုနှုန်း လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ကာလနောက်ပိုင်းမှာတော့ အမျိုးသမီးတွေကို ရှမ်းပြည် အရှေ့မြောက်ရှိ တရုတ်ဦးစီးတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရှိရာကို ရောင်းစားမှုတွေ စတင်ခဲ့တယ်လို့ KWAT က ဆိုထားပါတယ်။
အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတဝှမ်းမှာ အရင်ဆယ်စုနှစ် ပေါင်းများစွာကတည်းက ကြီးထွားလာခဲ့တဲ့ လူမှောင်ခိုဂိုဏ်းတွေနဲ့ ချိတ်ဆက်နေတဲ့ ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေတွေကတစ်ဆင့် တရုတ်ဇနီးမယားအဖြစ် ရောင်းချဖို့ကို တိုက်ရိုက် စုဆောင်းခံရတာ ဖြစ်တယ်လို့ KWAT က ဖော်ပြထားပါတယ်။
အမျိုးသမီး တစ်ယောက်ကို တရုတ်ငွေ ယွမ် ၁သောင်းကနေ ၅ သိန်းအထိ ဈေးအမျိုးမျိုးနဲ့ ရောင်းစားခံရပြီး အများအားဖြင့် တရုတ်အမျိုးသား လယ်သမားမိသားစုတွေက ဝယ်ယူကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ရောင်းစားခံရတဲ့ အမျိုးသမီးတွေကို ပိတ်လှောင်ရိုက်နှက်၊ အဓမ္မပြုကျင့်တာတွေကို ပြုလုပ်ပြီး အမျိုးသမီးတွေက ကလေးတစ်ယောက်၊ တစ်ယောက်ထက်ပိုတဲ့ ကလေးတွေကို မွေးဖွားပြီးမှသာ ထွက်ပြေးလွတ်မြောက်ခွင့်ပေးတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသားတွေ တရားဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်တဲ့ တရားဝင် လမ်းကြောင်းတွေကို တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။
တရုတ်ရဲတပ်ဖွဲ့အနေနဲ့လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်ဒေသတွေက လူကုန်ကူးခံပြီး ရှင်သန်လွတ်မြောက်သူတွေကို ပြန်လည်ပို့ဆောင်တဲ့အခါမှာ သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ဖို့ကိုလည်း KWAT က တိုက်တွန်း တောင်းဆိုထားပါတယ်။
ပုံစာ ၁ – တရုတ် ဇနီးမယားအဖြစ် အိမ်ထောင်ပြုဖို့ ကြော်ငြာစာ
ပုံစာ ၂ – တရုတ်နိုင်ငံဆီ လူကုန်ကူးခံရတဲ့ အမျိုးသမီးများ
ပုံစာ ၃ – လက်တွေ့အခြေအနေနဲ့ များစွာကင်းကွာပြီး ဝေဖန်မှုများစွာရှိခဲ့သည့် တရုတ်မယားအဖြစ် လူကုန်ကူးခံရမှုကို သွယ်ဝိုက်အားပေးနေသော တရုတ် ဆင်ဟွာသတင်းတစ်ပုဒ်မှပုံ
0 Shares:
You May Also Like
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော် စစ်ရုံးချုပ် ၅၀ ရာခိုင်နှုန်း ပျက်စီးဟု ဆို

စစ်ကိုင်းကို အခြေပြုလှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ရုံးချုပ် အဆောက်အဦးတွေ ၅၀ ရာခိုင်နှုန်း ပျက်စီးကုန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှအတွင်း ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထား

အလားတူ ဇွန်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ရွေးကုန်းရွာမှ အိမ်ခြေ ၅လုံး ၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာမှ အိမ်ခြေ ၄လုံးအပြင် ဇွန်လ ၂၃ ရက်နေ့မှာလည်း ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာမှ အိမ်ခြေ အလုံး ၂၀လုံးခန့်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာမှ အိမ်ခြေ၈လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာမှ အိမ်ခြေ ၈လုံး၊ ဂန့်ဂေါ်ပင်မှ အိမ်ခြေ ၅လုံး၊ ငလှစမ်းရွာမှ အိမ်ခြေ အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။