လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် – TNLA က အသိပေး ထုတ်ပြန်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာများကို လုပ်ဆောင်ရမှာဖြစ်တယ်လို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၏ နှစ်ပတ်လည် အစည်းအဝေးမှာ ထုတ်ပြန် လိုက်တာပါ။
TNLAရဲ့ယာယီဌာနချုပ်မှာ ဇန်နဝါရီ ၃ရက်ကနေ ၇ရက်အထိ ၅ရက်ကြာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ပြုလုပ်ခဲ့ပြီး အများပြည်သူကို အသိပေးထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
တအာင်းတပ်မတော်ကို တပ်မဟာ (၉) ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနဲ့အတူ တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အတွက် မြို့(၁၈) မြို့ပါဝင်တဲ့ ခရိုင် (၅) ခုကိုလည်း ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၈မြို့ကို စစ်ကောင်စီထံကနေ သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။
အများပြည်သူအတွက် အကောင်းမွန်ဆုံးသော အုပ်ချုပ်ရေးယန္တရားတွေ ပေါ်ပေါက်လာဖို့အတွက် ပြည်သူတွေပါဝင်တဲ့ လူထုအစိုးရတစ်ရပ်ဖွဲ့ပေါ်ပေါက်လာဖို့အထိ လုပ်ဆောင်သွားမယ်လို့ TNLA က ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက PDF သင်တန်းသူ၊ သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းတွေဆီ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ ဒေါ်သက်သက်ခိုင်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ကို စစ်ကောင်စီက ရာထူးမှရပ်ဆိုင်း

မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ အားပေးခဲ့တဲ့ ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ဦးကို စစ်ကောင်စီက တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်သားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိဟု AA ထုတ်ပြန်၊ အလင်းဝင်လက်နက်ချသူများလည်း ရှိဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။