ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
ခရီးသွားဟန်လွှဲပုံစံမျိုးနဲ့ အကြမ်းဖက်စစ်တပ်က လုံခြုံရေးအရ ပြောင်းရွှေ့ထားတာဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။ အခြားတဖက်မှာလည်း ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ လေယာဥ်ထားရှိ ဆင်းသက်နိုင်ဖို့ ဂိုထောင်တွေနဲ့ လေယာဥ်ကွင်းအသစ် ဖောက်လုပ်တာတွေကို အလောတကြီး လုပ်ဆောင်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်များရဲ့ အဆိုအရ သိရပါတယ်။
“ပုသိမ်မှာ လေယာဉ်နဲ့ ပတ်သက်တာ တော်တော်များများ ရွှေ့ထားတာကြာပြီ၊ မှော်ဘီက ခဏခဏ အထုခံရလို့၊ မြောင်းမြမှာ လေယာဉ်ကွင်းရှိတယ်၊ ဟင်္သာတနဲ့ ကျုံပျော်မှာလည်း ကွင်းပြင်ဆင်နေတယ် “လို့ စစ်ကောင်စီရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
“ရေကြည်မြို့မှာရှိတဲ့ အမတ ၃၄၄ တပ်အနောက်ဖက်နဲ့ ကျုံပျော်မှာရှိတဲ့ ခလရ ၃၆ တပ်ရင်းအနောက်မှာ လေယာဥ်ကွင်းဆောက်လုပ်ပို့ လူနေအိမ်အချို့ကို ဖယ်ရှားခိုင်lတာတွေလည်း လုပ်နေတယ်”လို့ အဆိုပါတပ်တွင်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဟင်္သာတမြို့က ပုသိမ်ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီတပ် ခလရ ၁၈ တပ်ရင်းအနီးက ဂေါက်ကွင်းလုပ်ထားတဲ့ လေယာဥ်ကွင်းဟောင်းကို ဇန်နဝါရီလ ပထမအပတ်မှာ ပြုပြင်တာတွေ လုပ်ဆောင်နေသလို၊ ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်သားတွေကိုလည်း ကျုံပျော်မြို့အခြေစိုက်ဖြစ်တဲ့ ခလရ ၃၆ တပ်ရင်းအနောက်က ဓမ္မာရုံနဲ့ လေယာဥ်ကွင်းပြင်ဆင်နေတဲ့နေရာတွေမှာ ရက်ခြားပြီး ဖြည့်တင်းထားတယ်လို့ ကျုံပျော်မြို့နေထိုင်သူတွေဆီက သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ် လေယာဥ်ကွင်း (ပုံဟောင်း)နဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ရွှေ့ပြောင်းနေပုံ
0 Shares:
You May Also Like
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။ 
Read More

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချောက်မြို့ပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့ပေါ် အမှတ် ၁၅ နယ်မြေ စံပြမြို့သစ်ရပ်ကွက်က ​မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစုလိုက် ရက်စက်စွာ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုင်ဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုတွေ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။