ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်း – P2 3702 ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၅ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်က လက်နက်နဲ့အတူ အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်းက အလင်းဝင်ဖို့ ကိစ္စတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ ညနေပိုင်းမှာပဲ အလင်းဝင်တပ်သား ၂ ယောက်ဟာ ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်းရဲ့ ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိလာရာ တပ်ရင်းမှူး ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ( ၂ ) ယောက်ကို ဘေးကင်းလုံခြုံတဲ့ နေရာ စီစဥ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့သလို ဆုကြေးငွေ ချီးမြှင့်ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဂတ်စ်ပိုက်လိုင်းစောင့် စစ်ကောင်စီဂိတ်စခန်းကို နွားထိုးကြီး ပကဖ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်ခရိုင်အတွင်း ဒရုန်းစစ်ဆင်ရေးကြောင့် အရာခံဗိုလ်နဲ့ တပ်ကြပ် သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မှာ ကင်းတံခါးလာပိတ်တဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ်အတွက် ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ပျူခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ရင်း ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ ပျူစောထီးခေါင်းဆောင် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းရင်း မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။