မကွေးတိုင်း ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေကို ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲဟာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ယောက်သေကာ ဒဏ်ရာရစစ်သား တွေကို တင်ဆောင်ပြီး ကျောက်ဆောက်ကျေးရွာအရောက် အရပ်သားပြည်သူတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ယာဉ်တန်း မြိုင်မြို့သို့ ထွက်ခွာသွားချိန် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ တော်လှန်ရေး ပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် မိုင်းနင်းမိထားတဲ့ အကြမ်းဖက်စစ်သားတစ် ယောက်အား မြေမြုပ်ပြီး အမိန့်စာထုတ်ပြန်ထားတဲ့ စာရွက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို 8+အညာမြေအင်အားစု M.V.P RevolutionForce၊ scopion people defense Force၊ U.A.V Frighter၊ မဟူရာအလင်းတန်ပြောက်ကျားတပ်ဖွဲ့၊ မြိုင် အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ မြိုင် phoneix People Defense Force၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့၊ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ပကဖ အမှတ် (၁) တပ်ရင်း ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ ကမ္မတပ် ပေါင်းစု ၊ ပခုက္ကူခရိုင်အမှတ်(၂၊၆၊၇)တပ်ရင်းများ ၊ PPDF ၊ PLC တပ်ဖွဲ့ နဲ့ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်အား ၇၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးနီးပါး အပြုတ်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရိက္ခာသယ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၅ ယောက်သေ၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာလှေဆိပ်သို့ ရိက္ခာသယ်လာတဲ့ ခမရ ၅၉၈ တပ်က အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်‌ကြောင်းထံက သိရပါတယ်။
Read More

ကချင်၊ စစ်ကိုင်းအစပ် ဆယ်ဇင်းဒေသက ဆိုင်ပန်ကုန်းတပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းဒေသက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့  ဆိုင်ပန်ကုန်းတပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
Read More

စလင်းမှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်သား ၁ ယောက်သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် “အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ” ကမ်ပိန်း (ရုပ်/သံ)

ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းက ရှေ့တန်းရောက်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် "အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ" ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။