ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးတွေအတွက် ဦးဆောင်ကြိုးပမ်းမှုတွေကို ၁၀နှစ်ကျော်အကြာမှ ပြန်လည်လုပ်ဆောင်ခွင့်ရတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်က ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောဆိုခဲ့ကြောင်း The Nation သတင်းက ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့က The Nation သတင်းအဖွဲ့နဲ့ နေ့လည်စာစားချိန်မှာ မာရစ်က အခုလိုပြောဆိုခဲ့တာဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ့အရေးအပါအဝင် ယခုနှစ်မှာ ထိုင်းက ဦးဆောင်ဖို့ ရည်မှန်းထားတဲ့ နိုင်ငံတကာကိစ္စတွေကို အလေးပေး ပြောကြားခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံခြားရေးအရာရှိတွေ တက်ရောက်တဲ့ ဒီဇင်ဘာ ၁၉ ရက် ဘန်ကောက်ဆွေးနွေးပွဲကို ကျင်းပခဲ့တဲ့အပေါ် ထိုင်းအစိုးရဟာ မြန်မာ့ပဋိပက္ခကို တက်ကြွစွာ ကိုင်တွယ်ဖြေရှင်းနေတယ်လို့ သူက ဆိုပါတယ်။
မြန်မာပြည်မှာ ၁၀ နှစ်အကြာ ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကို တွန်းလှန်နေကြပြီး မြန်မာပြည်ဟာလည်း ၄ နှစ်နီးပါး စစ်မီးတောက်လောင်နေခဲ့ပါတယ်။
ထိုင်းရဲ့ မြန်မာ့အရေး နှစ်ရက်တာ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာ့အရေးကို တင်ပြခဲ့တာကြောင့် တရုတ်ကလည်း ထိုင်းကို ကျေးဇူးတင်ကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ Nikorndej Plangkura က ပြောခဲ့ပါတယ်။
မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတွေကို ဒေသတွင်း အင်အားကြီး (တရုတ်နဲ့ အိန္ဒိယ) နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး အောင်မြင်ကြောင်း သူကပြောတာပါ။
“မြန်မာအစိုးရကို ဖိအားပေးတာဟာ အဓိပ္ပါယ်မရှိဘူး” “ပူးပေါင်းဆောင်ရွက်မှုက ဖိအားတွေထက် ပိုထိရောက်တယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ ပိုမိုတက်ကြွစွာပါဝင်ဖို့ Fair ပါတီအမတ် Kannavee Suebsan က မာရစ်ကို ကြာသပတေးနေ့ လွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။
ထိုင်းအနေနဲ့ ဘက်ပေါင်းစုံက လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး ပြဿနာကို ဖြေရှင်းဖို့ စေ့စပ်ညှိနှိုင်းရေးက အရေးပါကြောင်း မာရစ်က ပြန်ဖြေခဲ့ပါတယ်။
“မြန်မာ့အခြေအနေမှာ ဇာတ်ကောင်(အဖွဲ့) တွေ အများအပြား ပါဝင်နေတာကြောင့် စွန့်စားရနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်၊ ထိုင်းအနေနဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ သာယာဝပြောရေးနဲ့အတူ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်ဝန်ကြီးချုပ် လီကျင်းတက်ရောက်မဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အစည်းအဝေးနဲ့ ထိုင်းက ဥက္ကဋ္ဌတာဝန်ယူရမယ့် အာရှပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး (ACD) တို့ကို ၂၀၂၅ ခုနှစ်မှာ ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ သူကဆိုပါတယ်။
“ကမ္ဘာ့ရေဒါမှာ နေရာပြန်ရဖို့ ထိုင်းနိုင်ငံဟာ ထွန်းသစ်စနိုင်ငံတွေကြားမှာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ပါတယ်”လို့ သူကပြောဆိုပြီး ဆယ်စုနှစ်တခုကြာ မှေးမှိန်နေတဲ့ ထိုင်းရဲ့ နိုင်ငံတကာ အဆင့်အတန်းကို ပြန်လည်ထူထောင်ဖို့ အရေးကြီးကြောင်း အလေးပေး ပြောဆိုထားပါတယ်။
News- The Nation
0 Shares:
You May Also Like
Read More

ကော့မြစ်ရေ ညစ်ညမ်းမှုကိစ္စ ဆွေးနွေးဖို့ ထိုင်းဒုဝန်ကြီးချုပ် မြန်မာပြည်သွားရန်စီစဉ်၊ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးကို အသုံးချဖို့ ထိုင်းအမတ်အဆိုပြု

ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

စစ်အုပ်စု၏ ICT အလွဲသုံးစားမှု၊ ဆိုက်ဘာလိမ်လည်မှု စင်တာများနှင့် အတုအယောင်ရွေးကောက်ပွဲ အန္တရာယ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့်လုပ်ငန်းတွေကို ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။