မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 

အာဆီယံကို ထိပ်တန်းစီးပွားရေးအစုအဖွဲ့အဖြစ် ရပ်တည်နိုင်ရေးအတွက် မြန်မာ့အရေးပြဿနာ ဖြေရှင်းရေးဟာ အရေးတကြီး အာရုံစိုက်ရမယ့်ကိစ္စထဲ ပါဝင်တယ်လို့ သူကပြောပါတယ်။ 

“စီးပွားရေးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်က ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှု၊ ထိရောက်တဲ့ စီးပွားရေးမူဝါဒတွေ၊ ပုဂ္ဂလိက ကဏ္ဍပါဝင်မှုနဲ့ ထိရောက်တဲ့ ပြည်သူ့ကဏ္ဍ အုပ်ချုပ်ရေးတို့ဖြစ်တာကြောင့် မြန်မာ့အရေးလို ရှုပ်ထွေးတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပါဝင်နေတာပါ” လို့ အန်ဝါက ဆိုပါတယ်။ 

မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim (ဓာတ်ပုံ BPMI Setpres/Muchlis Jr)

“အာဆီယံဟာ ကမ္ဘာမှာ စတုတ္ထမြောက် အကြီးဆုံး စီးပွားရေး အစုအဖွဲ့ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဟာ အာဆီယံ၊ အိန္ဒိယနဲ့ တရုတ်တို့ဆီကနေ လာမှာဖြစ်ပြီး လူလတ်တန်းစားတိုးပွားရေးနဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးမှုကို တိုးမြင့်လာစေဖို့ တွန်းအားပေးမှာပါ” လို့ သူက ပြောပါတယ်။ 

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ လာအိုကနေ လွှဲပြောင်းပေးခဲ့တဲ့ ဥက္ကဋ္ဌတာဝန်ကို မလေးရှားက ဇန်နဝါရီ ၁ ရက်မှာ တရားဝင် တာဝန်ယူခဲ့ပါတယ်။

“အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်အောက်ကနေ မလေးရှားက အာဆီယံအစည်းအဝေးနဲ့ ထိပ်သီးအစည်းအဝေး ၃၀၀ ကျော်ကို အိမ်ရှင်အဖြစ် တစ်နှစ်ပတ်လုံး လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ 

မူရင်းသတင်း – ASEAN Chair Malaysia will prioritise Myanmar crisis

0 Shares:
You May Also Like
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

အာဆီယံရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးကို ဖိလစ်ပိုင်ခန့်အပ်

လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ ရာထူးကို ဖိလစ်ပိုင်က လွှဲပြောင်းယူတော့မှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရေဆာ လာဇာရိုကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုဝင်ဘာလ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်ယူမှုအပေါ် စတင်ကြေညာတဲ့ အခမ်းအနားမှာ မားကို့စ်က ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆွေးနွေးမှု၊ နိုင်ငံတကာဥပဒေကို လိုက်နာမှုနဲ့ သမားရိုးကျ နဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကတဆင့် ဆက်လက် ဦးဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Read More

ကော့မြစ်ရေညစ်ညမ်းမှုကိစ္စ မြန်မာနှင့် ဆွေးနွေးရန် ထိုင်းဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ကော့မြစ်အတွင်း အာဆင်းနစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့်သတင်းပတ်ထဲ စေလွှတ်မယ်လို့ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ ပြော

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ 
Read More

အကြမ်းဖက်စစ်အုပ်စု အသုံးတော်ခံ လက်နက်ပွဲစားနှင့် လုပ်ငန်းအချို့ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်

အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ထားတဲ့ အကြမ်းဖက်စစ်အုပ်စုအသုံးတော်ခံ ခရိုနီတွေဖြစ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၄ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို စီးပွားရေးပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်‌ကြောင်း ဇူလိုင်လ ၂၄ ရက် မနေ့က ထုတ်ပြန်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။