မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကပစ ၂၄ ကို Fixed Wings ဒရုန်း ၆ စီး အသုံးပြုကာ ၆၀ မမ ဗုံးသီး ၆ လုံး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပေါက် ပကဖ၊ ပုံတောင်တိုက်ဂါး PDF၊ Eagle Wings Drone Force တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ ကပစ ၂၄ က မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် ကာကွယ်ရေး စစ်လက်နက်ခဲယမ်း ထုတ်လုပ်ရာမှာ ဒုတိယအကြီးဆုံး ထုတ်လုပ်ရေးတပ်လို့ သိရတယ်” လို့ Eagle Wings Drone Force တပ်ဖွဲ့က ကိုဇေယျာမင်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းစစ်ဆင်ရေး ပြုလုပ်နေစဉ်

ကပစ ၂၄ ဟာ လက်နက်ထုတ်လုပ်ရေးမှာ အလှူမီနီယံကို ပုံလောင်းဖို့ အဓိက အသုံးပြုတဲ့ အလှူမီနီယံ အရည်ကြို စက်ရုံလို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က ၈၁ မမ လက်နက်ကြီးနဲ့ ၄ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပေမယ့် ရန်သူ့ Jammer ကြောင့် Fixed Wings Drone Force ရဲ့ Fixed Wings ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရသလို ပေါက် ပကဖ ရဲ့ dji mavic ၃ စီးလည်း ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံ ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဟု နိုင်ငံအနှံ့ နေ့စဥ် လေကြောင်းဗုံးကြဲနေသည့် စစ်ခေါင်းဆောင် ပြော၊ ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းသူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲပေးရန် မင်းအောင်လှိုင် လိုက်လံစည်းရုံး

နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ မနေ့က စစ်အုပ်စု ဝါဒဖြန့်မီဒီယာကနေ ထုတ်ပြန်ထားပါတယ်။
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းနှင့်ချောက်တွင် ရက်ပိုင်းအတွင်း လူငယ်လူလတ်ပိုင်း အမျိုးသား ၂၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

ကွေးတိုင်း၊ စလင်းနဲ့ ချောက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာရာ ရက်ပိုင်းအတွင်း အမျိုးသားလူငယ် အယောက် ၂၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။