ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။

အဲ့ဒီသင်တန်းမှာ MDY-PDF ရဲ့ နည်းပြဆရာတွေက ၂၀၂၄ ခုနှစ် အောက်တိုဘာလကစလို့ ၃ လကြာ သင်တန်းပေးခဲ့တာဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းတပ်မတော် TNLA နယ်မြေမှာ စတင်စုဖွဲ့ကာ စစ်ပညာသင်ကြားလာတဲ့ MDY-PDF အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းရော ဒုတိယပိုင်း(ရှမ်းမန်းစစ်ဆင်ရေး) မှာပါ မဟာမိတ် တော်လှန်ရေးတပ်တွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် မန္တလေးတိုင်း၊ မိုးကုတ်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကိုပါ မြို့သိမ်းစစ်ဆင်ရေးတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

MDY-PDF အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် MDY-PDF ရဲ့ စစ်ကိုင်း တပ်မဟာမှာ လာရောက်ပူးပေါင်းမယ့် စစ်သည်တော်တွေနဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုဖိတ်ခေါ်ထားသလို စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်ကြောင်းဝင် ဗုံးကြဲ မီးရှို့တဲ့ စစ်ကောင်စီနဲ့ Southern YSO PDF ထိတွေ့တိုက်ပွဲ ၂ရက်ဆက်ဖြစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း Southern YSO PDF ထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

တနိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူပေးဖို့ ICC ကို KHRW တိုက်တွန်းတောင်းဆို

အရပ်သားပြည်သူ  ၂၀ကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး (KHRW) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။
Read More

စစ်အသုံးစရိတ် အလွန်အကျွံသုံးပြီး တိုင်းပြည်ဘဏ္ဍာ အိတ်ကပ်ထဲထည့်နေတဲ့ စစ်ကောင်စီက ကျောင်သုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ် ကျင့်သုံးမယ်လို့ဆို

နိုင်ငံရဲ့ စစ်အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေတဲ့အပြင် ရသမျှ ဘဏ္ဍာငွေ ကိုယ့်အိတ်ကပ်ထဲ ထည့်နေတဲ့ စစ်ကောင်စီက လာမယ့် ပညာသင်နှစ်ကစလို့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ကျင့်သုံးသွားမယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။  
Read More

အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ ၁၀ ယောက် သေပြီးနောက် တိုက်ပွဲနှင့် မသက်ဆိုင်သည့်ရွာကို စစ်တပ် ဗုံးကြဲဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။