အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။    

ဇန်နဝါရီလ ၈ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်က KNDF/B-34 ဆီ MA-1 တစ်လက်၊ ကျည် ၁၂၂ တောင့်၊ ကျည်ဘောက် ၃ ဘောက်၊ 14 မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ အဓမ္မ စုဆောင်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တာကြောင့် အလင်းဝင်လာတာဖြစ်သလို KNDF/B-34 အနေနဲ့လည်း ရောက်ရှိလာတဲ့တပ်သားကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့ စစ်အာဏာရှင်လက်အောက်က ရုန်းထွက်ကြဖို့နဲ့ အမြန်ဆုံးဘက်ပြောင်းခိုလှုံလာကြဖို့ KNDF/B-34 တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းနယ် အလူးလေးနှင့် သပြေနီကြားတွင် စစ်ကောင်စီတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က ၆ဦးသေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ကင်းပုန်းဝပ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ နဂါးဖြူတပ်ရင်းသတင်းနှင့်ပြန်ကြားရေးက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ကံမ ရေနံသာရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံသာရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်လို့ စစ်အုပ်စုဝင် ၇ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ ညနေပိုင်းက ကံမမြို့နယ်၊ မင်းရွာနားကို ရောက်ရှိလာတဲ့အင်အား ၁၀၀ ပါ စစ်ကြောင်းရဲ့ရှေ့ပွိုင့်ကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံး၊ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၄) ဦး ထိခိုက် ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) စိုးမိုးနယ်မြေတွေမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။