အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင်တဲ့ ကျဆုံးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ ဒီအချိန်ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တော်လှန်ရေး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

TNLA အနေနဲ့ ဇန်နဝါရီလ ၃ ရက်ကနေ ၇ ရက်နေအထိ ၅ ရက်ကြာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။ 

“ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေး အင်အားစု အသီးသီးတို့သည် နိုင်ငံတဝန်း နယ်မြေဒေသအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေကြသဖြင့် နစက မြန်မာစစ်ကောင်စီက သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရပါသည်။” လို့ TNLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါ ကောင်းဖြစ်သည်ဟု အစည်းအဝေးကြီး ရှုမြင်သုံးသပ်ပါသည်” လို့လည်း TNLA က ကြေညာထားပါတယ်။

ထုတ်ပြန်ချက်

TNLA အနေနဲ့ တပ်မဟာ ၉ ခုအဖြစ် တိုးချဲ့ ပြင်ဆင်မှုနဲ့အတူ အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ မြို့ ၁၈ ခုပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့ဖို့ အဆိုပါအစည်းအဝေးမှာ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ ၁၂ ခု အပါအဝင် TNLA အခြေစိုက်ထားတဲ့ နယ်မြေဒေသတွေမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဦးဆောင် စီမံအုပ်ချုပ်သွားမှာဖြစ်ပြီး ဒေသခံပြည်သူတွေ ပါဝင်နိုင်မယ့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရေး ဆောင်ရွက်သွားမယ်လို့ TNLA က ထုတ်ပြန်ကြေညာထားပါတယ်။

အရှိန်ပြင်းတဲ့ တော်လှန်ရေးကာလအတွင်း အသက်ခန္ဓာတွေ၊ နေအိမ်အဆောက်အအုံတွေ၊ လုပ်ငန်းတွေ စွန့်လွှတ်ပေးဆပ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေ၊ TNLA တပ်ဖွဲ့ဝင်အားလုံးရဲ့ ဘဝပြန်လည်ရှင်သန်ထူထောင်ရေးနဲ့ လုံခြုံအေးချမ်းတဲ့ လူမှုအဖွဲ့အစည်း တည်ဆောက်နိုင်ဖို့အတွက် လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ အတူလက်တွဲဆောင်ရွက်သွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများ ချန်ရစ်ခဲ့သူ မာရဇ္ဇ၏ နောက်ဆုံးခရီး

ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

အောင်လံမြို့နယ်တွင် စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ၊ စစ်ဆေးမေးမြန်းချိန် ခုခံထွက်ပြေးသည့်အတွက် ပစ်ခတ်ရာ သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကနေ လူစုကွဲလာတဲ့ စစ်သား ၁ ယောက်ကို လက်နက်နဲ့ အရှင်ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ တောင်တွင်းကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြေပြန့်ဒေသတွင် စစ်ရေးဖော်ဆောင်ဖို့ MDY PDF လူငယ်များကို ဖိတ်ခေါ်နေ 

မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ စစ်ရေးတွေ ဖော်ဆောင်ဖို့ တော်လှန်စစ် ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ခေါ်တယ်လို့ မန္တလေး PDF က မနေ့က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။