တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်​သားတွေကို တော်လှန်ရေးတပ်တွေက ​၂ ကြိမ်တိုင်တိုင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ၄၀ မမ ကြောင့် ရဲဘော်အေကေ မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျန်ရဲဘော် ၂ ယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ကိုယ်စီရခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျောက်ခဲက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ (၇) ရက်နေ့က လောင်းလုံးမြို့အနောက်ဘက် စမ်းလှမ်းကျေးရွာနဲ့ မြင့်မိုရ်လက်ခတ်တောင်ပေါ်ကနေ ဖြတ်ဆင်းလာတဲ့ အင်အား (၄၀) ကျော်ပါအကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့တာပါ။

“ကျနော်တို့ကြားဖြတ်တိုက်ခဲ့တာ လောင်းလုံးမြို့ပေါ်က လှုပ်ရှားစစ်ကြောင်းပါ။ သူတို့က မြို့ပတ်ပတ်လည်ကို စစ်ကြောင်းထွက်လေ့ရှိတယ်။ အဲ့မှာ သူတို့က စမ်းလှမ်းရွာနဲ့ လက်ခပ်တောင်ပေါ်ကို သွားတထောင့်နားပြီး မနက်အစောကြီး ဆင်းလာတယ်ပေါ့။ အဲ့မှာကြားကနေ ကျနော်တို့ကြားဖြတ်တိုက်ခဲ့တာပါ။ လောင်းလုံးနဲ့ အနောက်ပြင်ရွာ မလှမ်းမကမ်းမှာဖြစ်တာပါ။ သူတို့ကတောလမ်းကလာတာပေါ့နော်” 

“ပထမ ဖြတ်တိုက်တာ ၁နာရီဝန်းကျင်လောက်ကြာတယ်။ အဲ့မှာ ကျနော်တို့ ရဲဘော်ကျလို့ ပြန်ဆုတ်ခဲ့တယ်။ သူတို့ဘက်ကလည်း အရာရှိသေပါတယ်။ နောက်တစ်ခါတိုက်တာကျ သူတို့က အအေးခန်းစက်ရုံမှာ တပ်စွဲနေတဲ့အချိန် ပြန်ဝင်စီးခဲ့တာပါ။ အဲ့အခါမှာ သူတို့လည်း လောင်းလုံးကိုပြန်ဆုတ်သွားပါတယ်” လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျောက်ခဲက ပြောပါတယ်။

လက်ရှိအခြေအနေအရ စစ်ကောင်စီဘက်က အရာရှိအပါ ၂ ယောက် သေဆုံးကြောင်းသာ အတည်ပြုထားနိုင်ပြီး အခြားထိခိုက်မှုတွေလည်း ရှိနိုင်သေးတယ်လို့ သိရပါတယ်။

“နွေဦးတော်လှန်ရေးထဲမှာ ကျနော်တို့လွတ်မြောက်ဖို့ ရဲဘော်အေကေ ပေးဆပ်သွားပြီ။ ကျန်တဲ့ ကျနော်တို့ကပဲ မေ့မသွားဘဲ နိုင်တဲ့နေရာကနေ ဆက်လုပ်ဖို့ရှိပါတယ်” လို့  နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျောက်ခဲက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဖိအားပေးခံနေရသည့် စောချစ်သူရဲ့ BGF ကျားဖြန့်နှင့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စောချစ်သူ ခေါင်းဆောင်တဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ နှိမ်နင်းရေးအတွက်ဆိုပြီး ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရခိုင်စစ်ရှောင်တွေကို စစ်ကောင်စီလက်အောက်ခံတွေက အကြောင်းအမျိုးမျိုးပြ လိုက်လံမောင်းထုတ်နေ

ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်လာသူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲ နဲ့ စစ်သားတွေက လိုက်လံမောင်းထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တချို့ထံက သိရပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။