ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်သားနဲ့ ပြည်သူ့စစ် ၄၀ ကျော် သေပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်အဖွဲ့ကနေ အသက် (၁၅) နှစ်အရွယ် ကလေးစစ်သား ၁ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

PNO ပြည်သူ့စစ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုအတွင်း ကလေးတွေပါဝင်နေပြီး သူတို့ကို မူးယစ်ဆေးသုံးစွဲစေကာ အရပ်သားတွေကို ဆက်ကြေးကောက်ညှင်းပန်းနှိပ်စက်တဲ့ လုပ်ရပ်တွေ စေခိုင်းခံနေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တဲ့ PDF ရဲဘော်တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း အောင်ပွဲရစစ်ဆင်‌ရေးတွေ ဖော်ဆောင်ခဲ့တဲ့ BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေကို ဒေသခံပြည်သူများ က သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ပြီး BRIGHT STAR GROUP LOCAL DEFENSE FORCE ရဲဘော်တွေဟာ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

Karenni Nationalities Defense Force – BO3 ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ(၁) တပ်ရင်းအမှတ်(၃) ရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကူးဆိပ်တပ်စခန်းကို Rebel Bees-UAV Force က ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်

ကရင်ပြည်နယ် ဖာပွန်မြို့နယ် အကြမ်းဖက်စစ်တပ်ရဲ့ ကူးဆိပ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Rebel Bees-UAV Force ဟာ မနေ့ကညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာရှင်တွန်းလှန်ရေးမှာ လိုအပ်နေတဲ့ ဒရုန်းတွေ ဝယ်ယူနိုင်ဖို့ “မကွေးဝေဟင် ဒရုန်းစစ်ဆင်” ကမ်ပိန်း (ရုပ်/သံ)

မကွေးခရိုင်ကွပ်ကဲရေးရုံးက အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရေးတိုက်ပွဲမှာ လိုအပ်နေတဲ့ ဒရုန်းတွေဝယ်ယူနိုင်ဖို့ ''မကွေးဝေဟင် ဒရုန်းစစ်ဆင်'' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာအကြား စစ်‌ကော်မရှင်တပ်သားများ မိုင်းနင်းမိပြီး အများအပြားထိခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာနဲ့ ဆိပ်သာရွာကြားမှာ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး အများအပြားထိခိုက်မှုရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲ ဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။