စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၇ ယောက် အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၉ ရက် မနက်ပိုင်းမှာ မုံရွာမြို့ နမခ က ထွက်လာတဲ့ စစ်ကား ၁၀ စီးပါ စစ်ကြောင်းကို မုံရွာ – အရာတော်လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ယောက် သေပြီး ၇ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ကားကြီး ၅ စီး ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀ ၊ 5.56 ကျည် ၄၀၀၀ တောင့် ၊ 7.62 ကျည် ၅၀၀၀ တောင့် ၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊   မိုင်းမျိုးစုံ ၃၀ ၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 အမျိုးအစား သေနတ်  ၂ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ – Uzi အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံး ၊ ကျောပိုးအိတ် ၅ လုံး၊ ယူနီဖောင်း ၂ စုံနဲ့အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ကျောက်စစ်ပုံ အမြောက်တပ်က ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့  ၅ လုံး ပစ်ကူပေးတဲ့အပြင် မြေပြင်စစ်ကြောင်းတွေလည်း စစ်ကူပေးတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၉၊ ၂၆ ၊ ၂၁ တပ်ရင်း)၊ မုံရွာခရိုင်တပ်ရင်း (၂၀၊၂၂၊၁၈၊၂၇၊၂၄) ၊ အရာတော်မြို့နယ် ပကဖ ၊ အရာတော်မြို့နယ်ပကဖ တိုက်နယ် အမှတ် (၁၀၊၁၁) ၊ မုံရွာမြို့နယ်ပကဖ တိုက်နယ်အမှတ် ၂ ၊ အရာတော်မြို့နယ်ပလဖ၊ BLDF ၊ Golden Eagle Force ၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့နဲ့အတူ အခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်း မြသိန်းတန်ဘုရားနှင့် ရဲစခန်းရှိ စစ်အုပ်စုများအား တော်လှန်ရေးတပ်များ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းတိုက်နယ်မှာစစ်အုပ်စုတပ်စွဲထားတဲ့ မြသိန်းတန်ဘုရားနဲ့ မင်းကွန်းရဲစခန်းတို့ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်တလင်းမှာ စစ်ကြောင်းသွားကြိုတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၂ယောက်သေ ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းကြိုပြီးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ယောက်သေပြီး ၄ယောက်အပြင်းအထန် ထိခိုက်ခဲ့ကြောင်း Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကို ပြောပါတယ်။
Read More

မန္တလေးအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်း

မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော်က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်နဲ့ စစ်တပ်အထိုင်ဂိတ်တွေကို တော်လှန်ရေးတပ်များ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့က စစ်တပ်ရဲ့ ခလရ (၅၀) တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ ဂိတ်တွေနဲ့ ရုံးစိုက်ရာနေရာတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၆နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်တပ်နေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး (၆) လုံးနဲ့ ပစ်ခတ်ခဲ့ပြီး (၆) လုံးစလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။