မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုင်းဆွဲခံရပြီးသေဆုံးသွားတဲ့ တပ်ကြပ်ဖြစ်သူရဲ့အလောင်းကို စစ်ကောင်စီတပ်သားတွေက ပြန်လည်သယ်ဆောင်သွားခြင်းမရှိဘဲ မြိုင်မြို့နယ်၊ ကျောက်ဆောက်ရွာကားလမ်းနံဘေးမှာပဲ ဖြစ်သလို မြေမြုပ်ထားခဲ့ရာ မီးရှို့သဂြိုလ်ပေးခဲ့ရကြောင်း Cobra One တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၅ရက်နေ့ကစလို့ ပခုက္ကူကနေ မြိုင်မြို့နယ်ကို ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ သွားရောက်ပို့ဆောင်တဲ့ စစ်ကောင်စီကားအစီး၂၀ ကျော်ဟာ နောက်တစ်နေ့ ဇန်နဝါရီလ ၆ရက်နေ့မနက်မှာပဲ ကိုင်းကျေးရွာ ချောင်းကွေ့တံတားနားကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ကားတန်းအတွက် မိုင်းရှင်းဖို့ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ကင်းထောက်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“ကားတန်းက ပခုက္ကူနယ်၊ အင်ပင်ရွာကနေ ၅ရက်နေ့က စထွက်လာတယ်။ ၆ရက်နေ့ရောက်တော့ ကိုင်းကျေးရွာတောင်ဘက် ချောင်းကွေ့တံတားနားအရောက်မှာ ရပ်ပြီးမိုင်းတွေ စရှင်းဖို့လုပ်ပါတယ်။ အဲ့အချိန် ကားလမ်းမကြီးရဲ့ဘယ်ညာကို ခြေလျင်စစ်ကြောင်းထိုးပြီး မိုင်းတွေကို ရှင်းပါတယ်။ ကားတန်းက မိုင်းရှင်းပြီးမှ နောက်ကလိုက်တာပါ။ အဲ့ခြေလျင်စစ်ကြောင်းက ကိုင်းရွာရဲ့ရေလှောင်ဆည်ဘောင်ဘက်ကို တက်လာချိန်၊ ကျနော်တို့ရဲ့ မိုင်းကွင်းထဲကို ဝင်လာချိန်မှာ ဒရုန်းနဲ့ကင်းထောက်ပြီးတော့ ဆွဲခဲ့တာပါ။ နေရာတင် ၃ကောင်သေပါတယ်။ အဲ့တစ်ချိန်တည်းမှာပဲ တစ်ဖက်ခြမ်းမှာရှင်းနေတဲ့ကောင်တွေကိုလည်း အနီးကပ် ရော့ကတ် ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့မှာလည်း ၁ကောင်သေပြီး ခြေပြတ်လက်ပြတ်ဖြစ်သွားတာတွေအများကြီးပါပဲ” လို့ Cobra One တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မိုင်းဆွဲခံရပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ကြပ်ကို မီးရှို့သဂြိုဟ်ပေးနေစဥ်

မိုင်းဆွဲတိုက်ခိုက်မှုကြောင့်သေဆုံးသွားတယ်လို့ယူဆရတဲ့ တပ်ကြပ်အလောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၁၀ရက်နေ့မှာ တွေ့ရှိခဲ့တာကြောင့် မီးသဂြိုလ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

“ကျောက်ဆောက်ကျေးရွာ ကားလမ်းမဘေးမှာ ဂေါ်ကားနဲ့ မြေဖို့ထားခဲ့တဲ့ စခတပ်ကြပ် စိုးထိုက်ဦးရဲ့  အလောင်းကို ခြေတစ်ဖက်ပြတ်နဲ့ တွေ့ပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့တွေပေါင်းပြီး မီးရှို့လိုက်ပါတယ်။ ကျနော်တို့မိုင်းဆွဲလို့ ထိတယ်လို့ ယူဆတယ်ပေါ့နော်။ ခြေတစ်ဖက်ပြတ်ဒဏ်ရာနဲ့ပဲ မသေမရှင်မြှုပ်ထားခဲ့လားတော့မသိဘူး။ ဒီတပ်မ ၁၀၁က ကောင်တွေက ကားပေါ်မှာတင် WY တွေ ပေါ်တင်သုံးပြီး လိုက်လာကြတာလို့ ပြောရမယ်။ လူစိတ်မရှိကြဘူး။ ကျန်တာကလည်း စစ်မှုထမ်းတွေပါ။” လို့ Cobra One တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို COBRA ONE Pakokku တပ်ဖွဲ့နဲ့အတူ BA NYEIN GUERRILLA Forceတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွင်း COBRA ONE Pakokku တပ်ဖွဲ့ ရဲ့ ကင်းထောက်ဒရုန်းတစ်စင်း ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၁ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ PDF ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေး သယ်ယူရောင်းချနေတဲ့ ပျူစောထီး ၁ယောက်ကို WY မူးယစ်ဆေးတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ပေါင်းတလည်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

လူ့အခွင့်အရေးနေ့တွင် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဥ်းများကို လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ဒီက‌နေ့တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာတော့ လူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်က နေ့စဉ် ချိုးဖျက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။