မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ  ဗိုလ်လောင်းသင်တန်းပို့ချပေးနေတဲ့ ဗိုလ်ကြီး မျိုးသီဟဆိုသူက အရပ်သားလူငယ်တွေရဲ့ဖုန်းကို အသုံးပြုပြီး လုပ်ငန်းရှင်တွေဆီက ငွေကြေးလိမ်လည်အလှူခံနေကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ပေ့ချ်တွေ​ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ဟန်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆောင်ရွက်တော့မယ်ဆိုကာ  အလှူငွေတွေ တောင်းခံနေတာဟာ ပြင်ဦးလွင်ပကဖနဲ့သက်ဆိုင်ခြင်းမရှိသလို လိမ်လည်နေတာဖြစ်ကြောင်းနဲ့ ဒီလိုလုပ်ရပ်တွေကို ပြင်ဦးလွင်မှာနေတဲ့ စကစတွေက သူတို့ထိန်းချုပ်ထားတဲ့ လူငယ်​တွေရဲ့ဖုန်းနဲ့အကောင့်ကို အသုံးချပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ပြင်ဦးလွင် စကစ အရာရှိတွေက လူငယ်တွေဖုန်းကို အသုံးချ​ပြီး လုပ်ငန်းရှင်တွေကို ငွေညှစ်နေတာပါ။ ပြင်ဦးလွင် စစ်ဗိုလ်လောင်းသင်တန်း ပို့ချပေးနေတဲ့ ဗိုလ်ကြီး မျိုးသီဟက ခိုင်းတယ်လို့ သိရပါတယ်။ ” လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး၂၁ ၊ မိုးကြိုးပစ်ရွာမ မှာလည်း စစ်တပ်ထွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးဆိုသူတွေက လူငယ်၊လူရွယ်တွေရှိတဲ့နေအိမ်တွေကို စစ်မှုထမ်းကြေးတစ်အိမ်ထောင် ၁သိန်းကျပ် တောင်းခံနေတယ်လို့ သိရပါတယ်။

ဒီလိုမျိုးလူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစာရင်းသွင်းရင်း ငွေကြေးတောင်းခံနေတဲ့ရပ်ကွက်အာဏာပိုင်တွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမယ့်အကြောင်းလည်း ပြင်ဦးလွင် ပကဖ က ဇန်နဝါရီလ ၉ရက် မနေ့က အသိပေးထုတ်ပြန်ခဲ့ပါသေးတယ်။

“ရက်ကွက်ကြီး ၄ ၈ကွက်ဘက်မှာလည်း အတူတူပါပဲ ။ နာမည်စာရင်းပါတဲ့သူတွေဆီကနေ လတိုင်း ၁လကို ၁သိန်းတောင်းပါတယ်။ အတင်းအဓမ္မ စစ်မှုထမ်းဖို့ခေါ်နေတော့ ထွက်ပြေးတဲ့မိသားစုတွေလည်း ရှိလာတယ်။ အဲ့အခါ ထွက်ပြေးတဲ့မိသားစုတွေကို ကျန်ခဲ့တဲ့ ဆွေမျိုးတွေကတဆင့် ပြန်ခေါ်ပြီး တစ်ယောက်ကို သိန်း ၇၀အထိတောင်းပါတယ်။” လို့ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မှာ ပြီးခဲ့တဲ့ လပိုင်းတွေက ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းက စစ်ပွဲတွေကြောင့် စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေ နေရပ်ပြောင်းရွှေ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

နတ်သံကွင်း – ကျောက်ကြီးလမ်းကို သိမ်းပိုက်ဖို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပါဗုံးကြဲတိုက်ခိုက်နေဟု ကေအဲန်ယူ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနယ်မြေအတွင်းက နတ်သံကွင်း-ကျောက်ကြီးကားလမ်းမကို သိမ်းပိုက်နိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေသလို လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်(၄၄)လုံး ပျက်စီးခဲ့တယ်လို့ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ၂၃ နှစ်အရွယ် ကျဆုံးရဲဘော် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း၏ စျာပနအခမ်းအနား

အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းရဲ့ စျာပနအခမ်းအနားကို ပြည်သူတွေနဲ့ ကျန်ရစ်သူရဲဘော်ရဲ‌ဘက်တွေက မေလ( ၃၁) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF က ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးဖွင့်လှစ်ထားတဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဆင်းရဲနွမ်းပါးမှု ၂ ဆ မြင့်တက်လာတဲ့ မြန်မာကို သြစတြေးလျက ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။