မကွေးတိုင်းအတွင်း ပခုက္ကူ – မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း Drone တပ်ဖွဲ့က မဟာမိတ်တပ်တွေနဲ့အတူ ဇန်နဝါရီ ၉ ရက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် စစ်ကြောင်းကို တည်နေရာ ထောက်လှမ်းခြင်း၊ RC Plane တွေနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာတွေ ရှိသလို ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်း Drone တပ်ဖွဲ့ကလည်း Scout Drone ထိခိုက်ပျက်စီးပြီး RC Plane ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်ရဲဘော်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ Scout Drone အရေးပေါ် လိုအပ်နေတာကြောင့် တော်လှန်ပြည်သူတွေ ကူညီပေးကြဖို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သပိတ်ကျင်းနှင့် စဉ့်ကူးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ…

မန္တလေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်‌ကောင်စီကိုစွန့်ခွာပြီး အလင်းဝင်လာတဲ့ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၅၁ ဦး ရှိ၊ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၅၈ ဦး ဖမ်းမိ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကိုစွန့်ခွာကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သား၊ရဲ၊ ပြည်သူ့စစ် ၅၁ ဦးအထိရှိခဲ့ပြီး လက်နက်ချ၊ စစ်သုံ့ပန်း ၅၈ ဦးရှိခဲ့တယ်လို့ ပြည်သူ့ ပန်းတိုင်ထံက သိရပါတယ်။
Read More

ငလျင်အတွက် လူသားချင်းစာနာမှု အကူအညီတွေအဖြစ် နိုင်ငံတကာ တန်ချိန် ၃၇၀၀ ကျော်ရရှိထားဟု စစ်ကောင်စီ ဆို

အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။