မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကပစ ၂၄ ကို Fixed Wings ဒရုန်း ၆ စီး အသုံးပြုကာ ၆၀ မမ ဗုံးသီး ၆ လုံး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပေါက် ပကဖ၊ ပုံတောင်တိုက်ဂါး PDF၊ Eagle Wings Drone Force တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ ကပစ ၂၄ က မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် ကာကွယ်ရေး စစ်လက်နက်ခဲယမ်း ထုတ်လုပ်ရာမှာ ဒုတိယအကြီးဆုံး ထုတ်လုပ်ရေးတပ်လို့ သိရတယ်” လို့ Eagle Wings Drone Force တပ်ဖွဲ့က ကိုဇေယျာမင်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းစစ်ဆင်ရေး ပြုလုပ်နေစဉ်

ကပစ ၂၄ ဟာ လက်နက်ထုတ်လုပ်ရေးမှာ အလှူမီနီယံကို ပုံလောင်းဖို့ အဓိက အသုံးပြုတဲ့ အလှူမီနီယံ အရည်ကြို စက်ရုံလို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က ၈၁ မမ လက်နက်ကြီးနဲ့ ၄ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပေမယ့် ရန်သူ့ Jammer ကြောင့် Fixed Wings Drone Force ရဲ့ Fixed Wings ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရသလို ပေါက် ပကဖ ရဲ့ dji mavic ၃ စီးလည်း ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁ က ထွက်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ် အပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

အင်းတော်ကို စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄၀ ခန့်သေပြီး ၃၀ ခန့်အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ တိမ်ရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး  မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာပေါင်း ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။