တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၉ ရက် မနေ့က မနက်ပိုင်းမှာ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၁၇)တပ်ရင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှု (၂)နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုတွေအတွင်း စစ်ကောင်စီတပ်သား (၃) ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ (၂)ကြိမ် ဗုံး(၁၆)လုံး ကြဲချတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပုလောမြို့နယ်၊ ပါဒစက်တော်ရာအနီးမှာလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇) နဲ့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပူးပေါင်းမဟာမိတ်တွေက အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဟန်ချက်ညီညီ တိုက်ခိုက်ချေမှုန်းနေတယ်လို့ သိရပါတယ်။

အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီက ပါဒစက်တော်ရာအနီးတဝိုက်ကို ဇန်နဝါရီလ ၉ ရက် မနေ့က ညနေပိုင်းအထိ လေကြောင်းကနေ ၂၃ ကြိမ် တိုက်ခိုက်ခဲ့ရာ ဗုံးအလုံးရေ (၇၀)ခန့် ကြဲချခဲ့သလို လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ ရက် ထပ်တိုး၊ ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က  ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။
Read More

မြို့လုံးကျွတ် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ပျဥ်းမနားတွင် သေဆုံးသူ ၉၀ ကျော်အထိ ရှိလာပြီး ပိတ်မိနေသူများကိုလည်း ဆက်လက်ကယ်ထုတ်နေရ

နေပြည်တော် ပျဥ်းမနားမြို့မှာ ငလျင်ဒဏ်ကြောင့်ထိခိုက်သေဆုံးသူဦးရေ ၉၀ ကျော်အထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရရှိထားသူတွေနဲ့ ပိတ်မိနေသူရာနဲ့ချီကို လူမူကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ကယ်ထုတ်နေ​ရတယ်လို့ သိရပါတယ်။
Read More

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွန်းအားပေးနေသည့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘောထားအပေါ် လေးနက်စွာ ဆန်းစစ်ကြရန် ယာယီသမ္မတ တိုက်တွန်း၊ မည်သည့်စစ်အုပ်ချုပ်ရေးမျိုးနှင့်မဆို တိုင်းပြည် မဖွံ့ဖြိုး၊ ​မတိုးတက်နိုင် ဆိုသည်ကို စစ်ကောင်စီ နားလည်ရန်လိုဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ တွန်းပို့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းရောက် ရဲဘော်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဆင်ပေးခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်းရဲ့ The Life Armor Project ကနေ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကို ကျည်ကာ အင်္ကျီ ၊ ကျည်ကာဦးထုပ် ၊ ကျည်ကာပြား ၊ ကျောပိုးအိတ်နဲ့ ဖိနပ်တွေ တပ်ဆင်ပေးန်ိုင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ပေါ်ကို စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မ​တော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်တပ်တွေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဆောတွင် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ပစ္စည်းလု၊ လူသတ်၊ အလောင်းဖျောက်ခံရ၊ သံသယရှိသူ ၂ ဦး ထွက်ပြေးလွတ်မြောက်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးကြီး ၁ ယောက်ကို လူသတ်အလောင်းစွန့်ပစ်ပြီး ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ကာ ကျူးလွန်သူလို့ သံသယရှိသူ ၂ ယောက်လည်း ထွက်ပြေးလွတ်မြောက်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။