မကွေးခရိုင်ကွပ်ကဲရေးရုံးက အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရေးတိုက်ပွဲမှာ လိုအပ်နေတဲ့ ဒရုန်းတွေဝယ်ယူနိုင်ဖို့ ”မကွေးဝေဟင် ဒရုန်းစစ်ဆင်” ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒရုန်းနဲ့ စစ်ဆင်ရေးဖော်ဆောင်တာဟာ ပစ်မှတ်တိကျပြီး ရဲဘော်တွေအသက်ကိုလည်း ကာကွယ်ပြီးသားဖြစ်တာမို့ ဒရုန်းကမ်းပိန်းမှာ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

”မကွေးဝေဟင် ဒရုန်းစစ်ဆင်”ကမ်းပိန်ကို ဒီဇင်ဘာ ၂၇ ရက်ကနေ ဇန်နဝါရီ ၇ ရက်အထိ တစ်လသာ သတ်မှတ်ခဲ့ပေမယ့် ကမ်ပိန်း ၅၀ ရာခိုင်နှုန်းသာ ပြည့်မှီခဲ့တဲ့အတွက် ဇန်နဝါရီ ၈ ရက်ကနေ ဖေ ဖော်ဝါရီ ၈ ရက်အထိ တစ်လထပ်တိုးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ပြီး ပြည်သူ့ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ ”မကွေးဝေဟင် ဒရုန်းစစ်ဆင်”ကမ်းပိန်မှာ ပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

တာချီလိတ်မြို့မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက် ကမ္ဘောဇဘဏ်ရှေ့မှာ ပြန်ပေးဆွဲခံရ (ရုပ်/သံ)

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကမ္ဘောဇဘဏ်ရှေ့မှာ ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံ၊ တလုပ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်အား စစ်ကြောင်း ၃ ကြောင်းနှင့် ဝင်ရောက်တိုက်ခိုက်၊ စစ်သား အများအပြား သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDSOM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးနှင့် အသံတိတ်သပိတ်အတွက် ဒေါက်တာ တေဇာဆန်းတို့အဖွဲ့ မန္တလေးဈေးချိုအနီး ဆန္ဒပြ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအ‌ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် မန္တလေးက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဥကရစ်ထစခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်မှုထမ်းတပ်သားများ (ရုပ်/သံ)

စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲဖမ်းဆီးကာ အဓမ္မ စစ်မှုထမ်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားတွေကို ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Justice Soldier PDF က ထုတ်ပြန်ထားပါတယ်။
Read More

ရိက္ခာလာထုတ်သည့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ၊ အထိအခိုက်များပြီး ကားကို စွန့်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့သို့ ရိက္ခာလာထုတ်တဲ့ ပန်းရံပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတွေ အထိအခိုက်များပြီး ကားကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။