စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ပိုင် Mytel အပါအဝင် ကမ္ဘာတစ်ဝန်းက ကုမ္ပဏီ ၁၃ ခုကို အမေရိကန်က ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူတဲ့စာရင်းထဲမှာ Mytel အပြင် တရုတ်နိုင်ငံက ကုမ္ပဏီ ၁၁ ခုနဲ့ ပါကစ္စတန်နိုင်ငံက ကုမ္ပဏီလည်း ပါဝင်ပါတယ်။

Mytel အနေနဲ့ ၎င်းရဲ့ ဆက်သွယ်ရေးမှတ်တမ်းတွေကတဆင့်  စစ်ကောင်စီအတွက်  လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ထောက်လှမ်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ကိုင်နေတာကြောင့် ပိတ်ဆို့ အရေးယူမှုစာရင်းထဲကို ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းဖြစ်တဲ့ Mytel ရဲ့ ပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းကို Viettel ကုမ္ပဏီ၊ ၂၈ ရာခိုင်နှုန်းကို မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ Star High ကုမ္ပဏီ၊ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding(MNTH) က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Mytel ဟာ ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment JSC ကုမ္ပဏီရဲ့ ပြည်ပမှာ တိုးချဲ့လုပ်ကိုင်တဲ့ ၁၀ ခုမြောက် ဆက်သွယ်ရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။ 

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်နေတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ စစ်ကောင်စီပိုင်ဆိုင်တဲ့ Mytel ကို အသုံးမပြုဘဲ သပိတ်မှောက်ဖို့ စစ်အာဏာသိမ်းစကတည်းက တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ပြည်သူများ လက်မခံကြသည့် ရွေးကောက်ပွဲအတုဟာ လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန် ဖြစ်သည်ဟု မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ စစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ဖြစ်ပြီး ပြည်သူတွေ အမှားအမှန် ခွဲခြားသိဖို့လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
Read More

တပ်မမှူးလိုက်ပါလာသည့် ကားကိုလာကြိုသည့် စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊လကတ (၂၀၃၆) တပ်က တပ်မမှူးလိုက်ပါလာတဲ့ကားကို လာကြိုတဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းဆီက သိရပါတယ်။
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

NUG တရားဝင် တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG ဝန်ကြီး ဒေါက်တာ တူးခေါင် ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။