ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။

ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မံစီမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၃၁၉၊ ခမရ  ၆၀၁ နဲ့ အမြောက်တပ် ၃၅၂ တပ်ရင်းတို့ကို  ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၈ ရက်အထိ တစ်လတာ ထိုးစစ်ဆင်အပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မံစီမြို့သိမ်းစစ်ဆင်ရေးကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ရဲ့ ဦးဆောင်မှုနဲ့အတူ ABSDF (ကျောင်းသားတပ်မတော်) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မံစီမြို့ကို ၂၀၂၄ ခုနှစ် မေလမှာ ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ပြီး အခု ဒုတိယအကြိမ်မှာတော့ မံစီမြို့မှာ ကျန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရင်းစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမှာ ဆိုင်ကယ်နဲ့ စစ်အုပ်စုတွေ မိုင်း ၂ ကြိမ်မိပြီး ဗိုလ်အဆင့်ရှိသူအပါ ၂ယောက်သေ၊ ၁ ယောက် ဒဏ်ရာပြင်းထန်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်တဲ့ စစ်အုပ်စုတွေ မိုင်း ၂ ကြိမ် ဆွဲခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ (Phoenix DF) အဖွဲ့က ပြောပါတယ်။
Read More

နတ်မောက်နှင့် မြို့သစ်တွင် စစ်ထောက်ပို့ကားတန်းနှင့် ကင်းပုန်းဝပ်စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး ထက်မနည်း သေ

မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မြို့သစ်နဲ့ နတ်မောက်မြို့နယ်တို့မှာ ကင်းပုန်းဝပ် စစ်သားတွေနဲ့ ထောက်ပို့ စစ်ကားတန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ ဧပြီလ(၁၇)ရက် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ BPLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နဂါးဖြူစစ်ကြောင်းမှ တပ်သားတစ်ဦး ပေါက်ကိုယ်တော် ပျူအဖွဲ့ဆီကို ထွက်ပြေးပူးပေါင်းသွားလို့ ၄င်းနှင့် အဆက်အသွယ်ရှိသူများ သိစေလိုဟု ဆို

တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။