စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကားတွေ မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခံရပြီး ရွှေကျားအပါအဝင် သေဆုံးသူ ၇ ယောက်ရှိခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီလ ၇ရက်၊ ညနေပိုင်းမှာ မင်းကွန်းတိုက်နယ်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်အုပ်စုအိမ်စီးကားတွေကို တော်လှန်ရေးအဖွဲ့တွေက လမ်းပိုင်းတစ်နေရာကနေ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ People Servant Force (P.S.F) အဖွဲ့တာဝန်ခံ ကိုနက်ရှိုင်းက မောင်းကိုပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်

အုပ်ချုပ်ရေးမှူးတစ်ဖြစ်လဲ ပျူစောထီးခေါင်းဆောင် ကျော်မျိုးထွန်း(ခ)ရွှေကျားနဲ့ ဇနီးသည် အပါအဝင် သေဆုံးသူ ၇ယောက်အထိ ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုအပြီး တော်လှန်ရေးအဖွဲ့တွေက စစ်အုပ်စု ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး BA63 အမျိုးအစား G3 ရိုင်ဖယ်သေနတ် ၆ လက် ၊ ကျည်ဘောက် ၇ ဘောက် ၊ ၇.၆၂ ကျည် ၃၂၇ တောင့် ၊ လက်ပစ်ဗုံး ၃ လုံး ၊ အီကွေ့မန့် ၄ ခု နဲ့ ရဲဦးထုပ် ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

” မင်းကွန်းမှာ ဒီ​​ကောင်တွေ ရိက္ခာပို့ လူချိန်းပြီးပြန်လာတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ။ စစ်သား၊ရဲနဲ့ ပျူတွေပါပါတယ်။ ဒဗယ်ကပ် ရိန်းဂျားဖိုးဝှီးကားတစ်စီးရယ် ရိုးရိုးအိမ်စီးကားရယ်နဲ့ လာကြတာ။ တိုက်ခိုက်မှုထဲ သေတဲ့သူတွေအပြင် ထွက်ပြေးသွားတာ ၁ယောက်အပြင် လွှတ်ပေးလိုက်တာ ၁ယောက်ရှိတယ်။ လွှတ်ပေးလိုက်တယ်​ဆိုတာကလည်း အဲ့လူမှာ လက်နက်မပါတာရယ် ရွှေကျားလိုက်လာတဲ့ကားမှာ ကျည်ရှပ်ထိထားတဲ့ကလေး၂ယောက် ဒုက္ခဖြစ်မှာစိုးလို့ပါ။” လို့ People Servant Force (P.S.F) အဖွဲ့တာဝန်ခံ ကိုနက်ရှိုင်းက မောင်းကိုပြောပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ရွှေကျားဟာ စစ်ကိုင်းမြို့​နေ အရပ်သားပြည်သူတွေကြား နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်တာနဲ့အညီ ပြည်သူတွေကို လက်နက်ပြ ဗိုလ်ကျတာ၊ စစ်မှုထမ်းဆက်ကြေးကောက်ခံတာတွေရှိသလို စစ်ကိုင်း တပ်မ ၃၃ အထိ ပေါက်ရောက်သူတစ်ယောက်ဖြစ်တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို People Servant Force ( P.S.F ) နဲ့အတူ Road to Mandalay အဖွဲ့သားတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ အထက်ပါတော်လှန်ရေးအဖွဲ့တွေက စစ်ကိုင်းမြို့နယ်၊ လက်ပံရွာအုပ်ချုပ်ရေးမှူးဖြစ်သူကိုလည်း ကျေးရွာလက်ဖက်ရည်ဆိုင်အတွင်း  ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့​တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး သိမ်းဆည်းရမိတဲ့လက်နက်များ (ဓာတ်ပုံ Road to Mandalay)

 

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက် ကပစ (၂၄) မှ အကြမ်းဖက်စစ်ကြောင်း ပခုက္ကူဘက် ပြန်ထွက်လာလို့ လမ်းတလျှောက် ကျေးရွာများ ပြန်လည်တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကို ရောက်ရှိခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်အုပ်စုနဲ့ ကားတန်းဟာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မောင်းကို ပြောပါတယ်။
Read More

အမ်းကို စစ်ကူသွားမယ့် စစ်ကောင်စီတပ် လမ်းမှာတင် ၁၄ ယောက် သေ၊ အများအပြား ဒဏ်ရာရခဲ့

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်ရှေ့ပြေးယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လားရှိုးမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင် စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။