မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ငဖဲမြို့နယ် – ပ.က.ဖ (ငဖဲ) တို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ACDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလကစလို့ ဒီဇင်ဘာလကုန် အထိ ၉ လတာ ကာလအတွင်း ACDF နဲ့ ပ.က.ဖ (ငဖဲ) တို့ပူးပေါင်းပြီး ငဖဲမြို့နယ်အတွင်း အရေးပေါ် စစ်ဘေးရှောင်နေရတဲ့ တောင်ပေါ်ဒေသ ကျေးရွာ (၁၃) ရွာက အိမ်ထောင်စု (၃၉၆) စု ၊လူဦးရေ (၂၁၇၈) ယောက်တို့အတွက် ငွေသား ကျပ်သိန်းနှစ်ထောင့်ခြောက်ရာကိုးဆယ့်တစ်သိန်းလေးသောင်းနှစ်ထောင့်နှစ်ရာကျပ်ကို လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ သက်ဆိုင်ရာ တော်လှန်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အရှိူချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ငဖဲမြို့နယ် ပကဖ က စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီခဲ့တဲ့ မှတ်တမ်းဓာတ်ပုံများ (ဓာတ်ပုံ ACDF)

0 Shares:
You May Also Like
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခုကို AA ထိန်းချုပ်ထား အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အသိအမှတ်ပြု ဖိတ်ကြားတော့မှာလား

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတဲ့ အုပ်ကြီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၂ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) - TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှ ကျောက်မဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် SSPP/SSA မှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။