ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) ကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အမတ (၃၅၂) နဲ့ ခမရ (၆၀၁) တပ်ရင်းတွေမှာ အောင်ပွဲခံနေကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံနှံ့လာပါတယ်။

KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မံစီမြို့က တခြားတပ်စခန်းတွေကို ၂၀၂၄ ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး အခု ခမရ (၆၀၁)၊ ခမရ (၃၁၉)နဲ့ အမတ (၃၅၂) ကို သိမ်းပိုက်ပြီးနောက် မံစီမြို့မှာ စစ်ကောင်စီကင်းစင်းသွားခဲ့ပြီဖြစ်ကာ ဗန်းမော်မြို့ကို ဆက်လက် ထိုးစစ်တိုးမြှင့် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

ရုပ်သံ – Gadu Tang

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ် ရေယာဉ်တောင်ရွာကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကပစ ၂၄ ကို သွားမယ့် စစ်ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်တပ်စစ်ကြောင်းဟာ ရေယာဉ်တောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မြန်မာပြည်သူများနှင့်အတူ ပြန်လည်ထူထောင်ရေး ကူညီဖို့အသင့်ရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန် (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောကြားခဲ့ပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းမှာ တပ်အထိုင်ချပြီး ပြည်သူ တွေထံက ငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။