ရန်ကုန် – မော်လမြိုင်လမ်းပေါ်မှာရှိတဲ့ သိမ်ဇရပ်နယ်မြေရဲစခန်းကို ဇန်နဝါရီ ၅ ရက် ညပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့  ကျိုက်ထိုတော်လှန်ရေးအင်အားစုထံက သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို  ကျိုက်ထိုတော်လှန်ရေးအင်အားစု၊ KNU/KNLA နဲ့ PDF ၇၈၀၅ တပ်ရင်း ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲစခန်းအတွင်းရှိ ခမရ ၂၀၇ က စစ်သား ၂ ယောက် သေပြီး စစ်သား ၁ ‌ယောက်နဲ့ ရဲ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရကာ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစုအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး ပြည်သူလူထုထိခိုက်နစ်နာစေမယ့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်အုပ်စုကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

ညောင်ဦးမြို့မှ တင့်ကား ၃ စီးဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army - PDA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။