စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ – ပလိုင်း ပကဖ က ထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့နယ်၊ ပလိုင်းပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အား ၆၀ ခန့်ပါတဲ့ စစ်ကြောင်းကို ဇန်နဝါရီလ ၈ ရက် ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကျေးရွာ အထွက်မှာပဲ ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိနစ် ၂၀ ကျော်ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်ဘက်က ၅ ယောက် သေဆုံးကာ စစ်ကြောင်း တပ်ပျက်ပြီး သေဆုံး စစ်သား အလောင်းတွေနဲ့အတူ ရွာထဲ ပြန်ဝင်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ၊ ရန်ကြီးအောင် ပကဖ ၊ သခင်ကြီး ပကဖ နဲ့ 9 PDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို  စစ်ကောင်စီက ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီရဲ့ တောင်ခမ်း အမြောက်တပ်နဲ့ မကျီးရေရွာအနီး TNLA နဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတဝိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနဲ့ မကျီးရေရွာအနီးတဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ဘေးရှောင်ကလေးငယ်တွေကို လေကြောင်းကနေတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီရောင်းချမှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆို

စစ်ဘေးရှောင်ကလေးငယ်တွေကိုပါ သေကြေအောင် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီထံ လက်နက်နဲ့လေယာဉ်ဆီရောင်းချနေမှုတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ရပ်ဆိုင်းဖို့ အရပ်ဖက်နဲ့ တော်လှန်ရေးအင်အားစု ၃၁၀ ကျော်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း NUG သင်ကြားရေးအတတ်ပညာတက္ကသိုလ် ကျောင်းသူ မထက်မိုးဦးလည်း အသက်ဆုံးရှုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-ကျောက္ကာလမ်းပိုင်းအတိုင်း ၁ လကျော်ကြာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လက်ရှိမှာလည်း သမိုင်းဝင်ရွှေဂူနီဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။